Myanmar Transparency News

ယုဇနပလာဘေးလမ်းရှိ ပိတ်စနှင့် အထည်လိပ်ဆိုင် မီးလောင်မှု ယခုဖြစ်ပွားနေ

‎‎၁၉.၁.၂၀၂၆‎

Written by Nyein Kyaw‎‎

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဘေး၊ နှင်းဆီလမ်း၌ ယနေ့နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် ပြင်းထန်သည့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

‎‎မီးလောင်ရသည့် အကြောင်းအရင်းကို ကနဦး မသိရှိရသေးသော်လည်း မီးလောင်မှုဖြစ်ပွားသည့်နေရာမှာ ပိတ်စနှင့် အထည်လိပ်အရောင်းဆိုင်ဖြစ်ကြောင်း သိရသည်။‎‎

မင်္ဂလာ‌တောင်ညွန့်မြို့နယ်နှင် နီးစပ်ရာ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့နှင့် မီးသတ်ကား ၁၀ စီးခန့် မီးငြှိမ်းသတ်သည့်တိုင် လက်ရှိ (နေ့လယ် ၁၁ နာရီ ၁၀ မိနစ်အထိ) မီးအရှိန်ကောင်းစွာ လောင်ကျွမ်းနေဆဲဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News