Myanmar Transparency News

သုံးမိနစ်ရေနွေးအိုးတည်ထားရာမှ လူနေအိမ်၊ ကားဂိုဒေါင်နှင့် ​ကားတစ်စီးမီးလောင်မှု ရွှေပြည်သာတွင် ဖြစ်ပွား

၂၃.၁.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ အလိုတော်ပြည့်ဘုရားလမ်းတွင် ဇန်နဝါရီလ ၂၃ ရက် ည ၇ နာရီခွဲခန့်က သုံးမိနစ်ရေနွေးအိုးတည်ရာမှ အပူလွန်ကဲ၍ နေအိမ်၊ ကားကားဂိုဒေါင်နှင့် ကားတစ်စီးမီးလောင်ခဲ့​ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် ဓနိမိုးထရံကာ ပျဥ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ကားဂိုဒေါင်တစ်လုံး၊ I-Zone အဖြူရောင်ကားခေါင်းခန်းရှိ ကူရှင်များနှင့် အဝတ်အထည်များမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၃ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော်ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးကြီးကို လှော်ကားနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News