Myanmar Transparency News

ကားတစ်စီးက လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ဦးကို တိုက်ပြေးလို့ ပြင်းထန်ဒဏ်ရာတွေရရှိမှု မန္တလေးမှာဖြစ်ပွား၊ ယာဥ်တိုက်ခံရသူထံက ကျပ် ၁၃ သိန်းကျော်တွေ့ရှိထားတယ်လို့ အသိပေး

၄. ၂. ၂၀၂၆
Written by Thiri

ဒီကနေ့ညဦးပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၊ လမ်း ၄၀ နဲ့ လမ်း ၈၀ ကြားမှာ ကားတစ်စီးက လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ဦးကို တိုက်ပြေးလို့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မဏီစလ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

အဆိုပါ ပြင်းထန်ဒဏ်ရာတွေ ရရှိထားတဲ့ လူနာမှာ ဦးမောင်ဖြူဥ၊ အသက်က ၅၄ နှစ်လို့ သူ့မှာပါလာတဲ့ ကျောပိုးအိတ်အတွင်းက မှတ်ပုံတင်အမှတ်အသားအရ သိရှိရပြီး အိတ်အတွင်းက မှတ်ပုံတင်၊ ငွေကျပ် တစ်ဆယ့်သုံးသိန်းရှစ်သောင်းကျော် ပါရှိကြောင်း လူမှုကူညီရေးအသင်းက သက်သေတွေနဲ့တကွ အသိပေးထားပါတယ်။

ဒဏ်ရာရရှိတဲ့ လူနာရဲ့ လူနာရှင် မိသားစုဝင်တွေအနေနဲ့ သိရှိပါက မဏီစလ လူမှုကူညီရေးအသင်းထံဆက်သွယ်ဖို့နဲ့ လက်ရှိမှာ‌တော့လူနာကို မန္တလေးပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနဆီ“မဏီစလ” လူမူကူညီရေးအသင်း (မန္တလေး)က လူနာတင်ယာဉ်နဲ့ လိုက်ပါပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News