Myanmar Transparency News

နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူအသုံးပြုခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ဆွေးနွေးနိုင်

MT News
၁၃. ၇. ၂၀၂၆

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာ တိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်း ကျယ်ပြန့်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးအကြံပြုကြရန် ဇွန် ၁ ရက်မှစတင်၍ နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံအစီအစဉ်များမှတစ်ဆင့် အသိပေးဖိတ်ခေါ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၄၅ မိနစ်အထိ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ Horizon Lake View Resort တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဇူလိုင် ၁၀ ရက်အထိ တက်ရောက်လိုကြောင်း စာရင်းပေးသွင်းလာသူ ဦးရေ ၃၀၀ ကျော်ရှိပြီဖြစ်သည်။

သို့ဖြစ်ပါ၍ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စာရင်းပေးသွင်းထားခြင်းမရှိသေးသည့် တက်ရောက်လိုသူများအနေနှင့် ဖော်ပြထားသည့် QR Code အား Scan ဖတ်၍ စာရင်းပေးသွင်းနိုင်ကြောင်းနှင့် QR Code ဖြင့် စာရင်းပေးသွင်းရန် အခက်အခဲရှိပါက ဦးမျိုးသန့်ထွန်း၊ ညွှန်ကြားရေးမှူး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဖုန်း-၀၉ ၄၃၀၁၆၆၉၀ ၊ ၀၆၇ ၃၄၁၀၄၇၁၊ dgdptsc2021@gmail.com သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကာ စာရင်းပေးသွင်းခြင်းအား ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထားဆောင်ရွက်၍ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နိုင်ရန် ထပ်မံအသိပေးဖိတ်ခေါ်ထားသည်။

ယခင် Google Form ဖြင့် စာရင်းပေးသွင်းပြီးသူများ ထပ်မံစာရင်းပေးသွင်းခြင်း ပြုလုပ်ရန်မလိုအပ်ကြောင်းလည်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News