Myanmar National Post

လွန်ခဲ့သော (၄)နှစ်ခန့်က (အကြမ်းဖက်သမားများကို သေဒဏ်စီရင်းခြင်း)






အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများပေါင်းများစွာကို သေကြောင်းကြံသူများအား အကြမ်းဖက်သမားလို့ ခေါ်ပါတယ်။ အကြမ်းဖက်သမားတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်ပါမှ တိုင်းပြည် တည်ငြိမ်အေးချမ်းမှာ ဖြစ်ပါတယ်။ လွန်ခဲ့သော (၄)နှစ်ခန့်က ရန်ကုန်မြို့မှာ အပြစ်မဲ့ ပြည်သူပေါင်း ရာနဲ့ချီပြီး သေကြောင်းကြံခဲ့တဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဇေယျာသော် (ခ) မောင်ကျော်နဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း က ကျော်မင်းယု (ခ) ဂျင်မီ တို့ကို သေဒဏ်စီရင်ခဲ့ပါတယ်။ ဘာကြောင့်လဲ အပြစ်မဲ့ ပြည်သူပေါင်းများစွာကို သေကြောင်းကြံခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်များဖြစ်ခြင်းကြောင့်ပါပဲ။

အဲဒီလို သူယုတ်မာတွေကို CRPH, NUG အကြမ်းဖက်အဖွဲ့များနဲ့ ပြည်ဖျက်မီဒီယာများက နှစ်စဉ်နှစ်တိုင်း သူရဲကောင်းကြီးတွေသဖွယ် ဂုဏ်ပြုနေကြပြီး ထိုသူတို့ကို အကြောင်းပြုကာ ခွက်ခေါက်လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ဇေယျာသော် (ခ) မောင်ကျော် နဲ့ ကျော်မင်းယု (ခ) ဂျင်မီ တို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှတ်တမ်းကို အများပြည်သူ သိရှိနားလည်ထားမယ်ဆိုရင် ထိုသူတွေဟာ သူရဲကောင်းတွေလား၊ ဘင်လာဒင်ထက် ဆိုးသွမ်းမိုက်မဲတဲ့ အကြမ်းဖက်သမားတွေလား သိရှိနားလည်ပါလိမ့်မယ်။

ဒါကြောင့် အကြမ်းဖက်သမားများကို အရေးယူဆောင်ရွက်ခဲ့ရတဲ့ လွန်ခဲ့သော (၄)နှစ်ခန့်က မှတ်တမ်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော် (ခ) မောင်ကျော် ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်နေ့မှာ လက်နက်အမြောက်အများနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အကြမ်းဖက်ခေါင်းဆောင် ဖြိုးဇေယျာသော်ရဲ့ လက်အောက်မှာ အကြမ်းဖက်လှုပ်ရှားမှု လုပ်ဆောင်နေတဲ့ အဖွဲ့က အဖွဲ့ပေါင်း(၂၀)ကျော် ရှိနေပြီး မီးရထားရဲ ၄ဦး ကို အစုလိုက်အပြုံလိုက် လုပ်ကြံသတ်ဖြတ်မှုပါအဝင် လုပ်ကြံသတ်ဖြတ်မှုပေါင်း (၂၈)ကြိမ် ကျူးလွန်ခဲ့ပါတယ်။ မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ စေခိုင်းမှုဖြင့် အကြမ်းဖက်အဖွဲ့များမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၉)ဦး၊ အပြစ်မဲ့ပြည်သူ (၁၂)ဦး၊ စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူ (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအား အနီးကပ်စီစဉ် ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှား ကျူးလွန်ခဲ့သည့် တရားခံ မောင်ကျော်(ခ) ဖြိုးဇေယျာသော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် အရေးယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်။

တရားခံ ကျော်မင်းယု(ခ)ဂျင်မီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လ အတွင်း ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေးအတွက် ဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း Moon Light Operation အဖွဲ့အား စောသက်ထွန်း(ခ)နေခြူး(Sky Age Education)၊ ကိုကိုကြီး(စမ်းချောင်း)၊ သူရကျော်(ခ)နီကိုလပ်စ်၊ သန်းအောင်၊ ရဲဇာနည်(ခ) အူနို(နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး (ခ) ဇော်ဝမ်းမောင်(ဖမ်းမိ)တို့နှင့်အတူ စတင် ဖွဲ့စည်းခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ကျော်မင်းယု(ခ)ဂျင်မီ စီမံညွှန်ကြားလျက်ရှိသည့် Moon Light Operation အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာအဆင့် ကျောင်းသူ/ ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက် ခြင်း၊ အပြစ်မဲ့ပြည်သူများကို ထိတ်လန့်တုန်လှုပ်အောင် ခြိမ်းခြောက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်း၊ ၎င်းတို့ပါတီဝင်မဟုတ်သော အခြားပါတီဝင် များကိုသတ်ဖြတ်ခြင်း၊ ၎င်းတို့ပါတီအား ထောက်ခံမှုမရှိသူများကို သတင်းပေး/ဒလန် အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အစိုးရအဆောက်အဦများ၊ ပုဂ္ဂလိကဘဏ်များစသည့် အပြစ်မဲ့ပြည်သူများနှင့် အရပ်ဘက်ပစ်မှတ်များကို ဦးတည် တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့ အကြမ်းဖက်တိုက်ခိုက်နိုင်ရေးအတွက် Moon Light Operation အဖွဲ့အား တရားခံပြေး လွင်ကိုလတ် မှ AK-47 နှင့် M-16 အလက် ၃၀၊ ကျည် ၆၀၀ တောင့်၊ ကျည်ကတ် ၉၀ ခုနှင့် ဗုံးဖောက်ခွဲရန် ကတ်သီး ၅၀၀ ခုအား တရားခံ ကျော်မင်းယု(ခ)ဂျင်မီ ထံပေးအပ်ခဲ့ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ထို့အပြင် Moon Light Operation အဖွဲ့သည် မောင်ကျော်(ခ) ဖြိုးဇေယျာသော် ဦးဆောင်သည့် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့(Yangon Urban Guerrilla-YUG)နှင့် ပူးပေါင်း၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ကြီးမားသော အကြမ်းဖက်လုပ်ငန်း Mission ၈ ခုအား ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ပြီး တရားခံ ကျော်မင်းယု(ခ)ဂျင်မီ မှ အဆိုပါ အကြမ်းဖက်လုပ်ငန်း ၈ ခုအား ညွှန်ကြားစေခိုင်းခဲ့ကြောင်း၊ Mission-1 အဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်တွင် တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန် ကျောင်း(ရွှေဆံတော်)သို့ လက်လုပ်ဗုံး ၁ လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ ၎င်းအပြင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် Moon Light Operation မှ အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးဖြစ်သည့် ဘိုဘို နှင့် ရန်ပိုင်ဟိန်း တို့သည် တွံတေးရဲစခန်း၊ အမှတ်(၇၀)ခြေလျင် တပ်ရင်းနှင့် ဘုရားငုတ်တို စစ်ဆေးရေးဂိတ်တို့အား ဖောက်ခွဲဖျက်ဆီးရန် လာရောက်စဉ် လုံခြုံရေးအဖွဲ့များမှ ဖောက်ခွဲဖျက်ဆီးမည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ Mission-2  အဖြစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သည့်အတွက် လုံခြုံရေး ဆောင်ရွက်နေသော စစ်သည် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ် ရဲ့ သားတပည့် လုပ်မယ့် အကြမ်းဖက်လုပ်ငန်းစဉ်တွေက ပိုပြီး ကြောက်စရာ ကောင်းပါတယ်။ Mission-3 အဖြစ် လှည်းကူးမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ၊ Mission-4 ၊ Mission-5 ၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ်တို့တွင် ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက် မှုများလုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေစဉ် ဖမ်းဆီးနိုင်ခဲ့တဲ့အတွက်ကြောင့် အပြစ်မဲ့ ပြည်သူတွေ အသက်ဘေးအန္တရာယ်က ကင်းလွတ်ခဲ့ရခြင်းဖြစ်ပါတယ်။

အများပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မယ့် အကြမ်းဖက်လုပ်ငန်းစဉ်တွေအတွက် ကျော်မင်းယု(ခ)ဂျင်မီ သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက် လုပ်ငန်းများဆောင်ရွက်နေသည့် နွေဦးကံ့ကော်အဖွဲ့သို့ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် အတွက် ငွေကျပ်(၅၅)သိန်းအား ထောက်ပံ့ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့ အင်အားစု(Union Of Myanmar Civil Defence –UMCD)အဖွဲ့နှင့် ပူးပေါင်းပြီး အမေရိကန် ဒေါ်လာ သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ သေနတ်ထုတ်လုပ်နိုင်သည့် 3D Printer အား ဝယ်ယူရန်အတွက် NUG ထံသို့ ဆက်သွယ်တောင်းခံခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့ရန် အမေရိကန်ဒေါ်လာများအား ဝယ်ယူ၍ မြန်မာငွေဖြင့် လဲလှယ်ပေးခြင်းများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့တာကိုလည်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

အများပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မယ့် အကြမ်းဖက်လုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်ရန်လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ်ဗုံး၊ ကတ်သီး၊ Drone ၊ ဂြိုလ်တုဖုန်း၊ ရေဒီယိုစကား ပြောစက်၊ ငွေကြေးနှင့် နည်းပညာပံ့ပိုးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC အဖွဲ့ဝင်များဖြစ်ကြသည့် တရားခံပြေး ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ဂျင်မီ တို့သည် အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

ဒီမှတ်တမ်းတွေကို ကြည့်ခြင်းအားဖြင့် အများပြည်သူ လေးစားယုံကြည်ထောက်ခံပါတယ်ဆိုတဲ့ NLD, 88 က နိုင်ငံရေးလုပ်စားသူများဖြစ်ကြတဲ့ ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ဂျင်မီ တို့ဟာ အများပြည်သူကောင်းကျိုးအတွက် လုပ်ဆောင်နေခြင်းလား၊ အများပြည်သူ အတိဒုက္ခရောက်အောင် ဖန်တီးနေသူတွေလား ဆိုတာ လူလိုတွေးရင် သိနိုင် မြင်နိုင်ပါတယ်။

NLD လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်(ခ) မောင်ကျော် နဲ့ ၈၈ ပွင့်လင်းမှ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီတို့ကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီးအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်တွင်  “ သေဒဏ် ” အမိန့်ချမှတ်ခဲ့ပြီး ယနေ့ ၃-၆-၂၀၂၂ ရက်နေ့မှာ သေဒဏ်စီရင်ခြင်းခံရသူ ၄ဦးထဲမှာ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။

ဒေါ်စုရဲ့ ထီးကိုင် အိတ်စွဲNLD လွှတ်တော်အမတ်ဟောင်း အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော်(ခ) မောင်ကျော် နဲ့ ၈၈ ပွင့်လင်းမှ အကြမ်းဖက်ခေါင်းဆောင် ကျော်မင်းယု(ခ) ဂျင်မီတို့ကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီးအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည) တို့အရ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင်  “သေဒဏ်” အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ သို့ပေသော်လည်း နိုင်ငံတော်ရဲ့ မူဝါဒအရ သေဒဏ်အမိန့်ချထားသူများကိုလည်း အမှန်တကယ် သေဒဏ်စီရင်ခြင်း မရှိဘဲ သက်ညှာပေးခဲ့တဲ့ အမှုပေါင်းများစွာ ရှိပါတယ်။ အပြစ်မဲ့ ပြည်သူပေါင်းများစွာကို ယုတ်မာရိုင်စိုင်းစွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြတဲ့သူတွေကို အမှန်တကယ် အမိန့်ချမှတ်ထားတဲ့အတိုင်း စီရင်စေဖို့အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိတဲ့ ပြည်သူတွေကလည်း ရေးသားပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အကြမ်းဖက် ခေါင်းဆောင် ဖြိုးဇေယျာသော်(ခ) မောင်ကျော်၊ ကျော်မင်းယု(ခ) ဂျင်မီတို့ကို ၃-၆-၂၀၂၂ ရက်နေ့မှာ အယူခံအဆင့်ဆင့်ကို သေဒဏ်စီရင်မှာဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းထွက်ပေါ်လာတဲ့အချိန်မှာပဲ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေနဲ့ ပြည်ဖျက်မီဒီယာ (အကြမ်းဖက်အုပ်စုများ) က အကြမ်းဖက်ခေါင်းဆောင်နှစ်ဦးကို သူရဲကောင်းကြီးတွေသဖွယ် အများပြည်သူကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားဖန်တီး လှုံ့ဆော်မှုတွေ လုပ်ဆောင်လာကြပြန်ပါတယ်။

ယနေ့ နိုင်ငံတော်ပိုင် သတင်းစာမှာ "သေဒဏ်ကျခံရမည့် အကျဉ်းသား လေးဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီး" ခေါင်းစဉ်နဲ့ သတင်းထုတ်ပြန်လာတာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်မှစ၍ နိုင်ငံတော်အတွင်း အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာ ယင်းလုပ်ရပ်များတွင် ဖြိုးဇေယျာသော် (ခ) မောင်ကျော် (ခ) ရေခဲ၊ ကျော်မင်းယု (ခ) ဂျင်မီ၊ လှမျိုးအောင် (ခ) ကိုမျိုး (ခ) ဝက်ကြီးနှင့် အောင်သူရ ဇော် (ခ) ကတုံး (ခ) သူရတိုသည် ရက်စက်ပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သော အကြမ်းဖက်သတ်ဖြတ်မှုများကို ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်း ကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင် ကျူးလွန်းခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူအများအပြား သေဆုံးခဲ့ရမှု အတွက် သက်ဆိုင်ရာ စစ်ခုံရုံးအသီးသီးက ကျူးလွန် သည့်ပြစ်မှုအလိုက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မများ၊ ရာဇသတ်ကြီး၏ သက်ဆိုင်ရာပြဋ္ဌာန်းချက်ပုဒ်မများဖြင့် စွဲချက်တင်ပြီး ပြစ်မှုထင်ရှားသဖြင့် တရားခံ လေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံ လေးဦးအပေါ် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း" ထုတ်ပြန်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

တိုင်းတပါးရဲ့ အကူအညီနဲ့ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း လူမဆန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြတဲ့ အကြမ်းဖက်ခေါင်းဆောင် ၂ဦး၊ သူတို့ရဲ့ လှုံ့ဆော်မှုတွေကြောင့် အကြမ်းဖက်သမား ဖြစ်လာသူ ၂ဦးရဲ့ ဘဝကတော့ နဂုံးချုပ်သွားခဲ့ပါပြီ။ ဖြိုးဇေယျာသော်(ခ) မောင်ကျော်၊ ကျော်မင်းယု(ခ) ဂျင်မီတို့ကို ပြည်ပကနေ ငွေကြေး၊ လက်နက်ထောက်ပံ့ပေးနေတဲ့ သေဒဏ်နဲ့ ထိုက်တန်တဲ့  ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင် တို့ကိုတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိအောင် အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံများက လက်ခံနေထိုင်ခွင့်ပေးပြီး အကြမ်းဖက်လုပ်ငန်းတွေအတွက် ဆက်လက်လှုံ့ဆော်ခွင့် ရအောင် ဆောင်ရွက်ပေးထားတဲ့ အခြေအနေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#News #MNP

မူရင်းသတင်း — Myanmar National Post