Popular Myanmar

Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာနှင့် မလေးရှားပွဲစဉ် မနက်ဖန်(ဇူလိုင် ၂၅ ရက်) ယှဉ်ပြိုင်ကစားမည်

ရန်ကုန်၊ဇူလိုင်-၂၄

၂၀၂၆ ခုနှစ် Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် မလေးရှား အမျိုးသားဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို လာမည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ အုပ်စုအဆင့် ပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီခွဲတွင် စတင်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။

ဘောလုံးဝါသနာရှင် ပြည်သူများ ကြည့်ရှုနိုင်ရေးအတွက် ပွဲစဉ်ကျင်းပမည့် ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှ စတင်ကာ MRTV HD Channel နှင့် MRTV Sports Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၆ ခုနှစ် Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲကြီးကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

မူရင်းသတင်း — Popular Myanmar