Popular Myanmar

ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ဖလမ်း၊ဇူလိုင်-၂၈

ချင်းပြည်နယ် ဖလမ်းမြို့မှယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများကို ဇူလိုင် ၂၇ ရက်၊ နံနက်ပိုင်းက အိမ်အမိုးနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုပြင် ဖလမ်းမြို့မှ ယာယီနေရပ်စွန့်ခွာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသည့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ဒေသခံပြည်သူများအတွက် အိမ်မိုးသွပ်ပြား အချပ် ၁၂၀၀ နှင့် အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၃၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ကြရာ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ မြို့မိမြို့ဖများက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို တင်ပြကြရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar