Popular Myanmar

မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသည် အာဆီယံနှင့် အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ထိန်းသိမ်းသွားမည့်အခြေအနေများဆွေးနွေး

ယနေ့ ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်သီးသန့်တွေ့ဆုံမှုအပြီး မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ၊ တရားမဝင်နယ်စပ်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ၊ နယ်စပ် ဖြတ်ကျော်မီးခိုးမြူနှင့်မြစ်ရေညစ်ညမ်းမှုဆိုင်ရာနှင့် စွမ်းအင်ကဏ္ဍတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပတ်သက်၍အပြုသဘောဆောင်ပြီး အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံချင်းစီနှင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး ပိုမိုထိတွေ့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar