Myanmar Transparency News

“မဂျိုးကို ဘယ်လိုပြောရပါ့”ဇာတ်လမ်းတွဲမှာ မဂျိုးနေရာက အရမ်းတာဝန်ကြီးသလို မျက်ရည်အစစ်တွေနဲ့ပဲ ငိုခဲ့ရတယ်လို့ ဖွင့်ဟလာတဲ့ သဇင်နွယ်ဝင်း

၆.၈.၂၀၂၆
Written By Thandar

ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက တစ်ချိန်က အောင်မြင်မှုများစွာရရှိထားတဲ့ ဝတ္ထုကို ပြန်လည်ပုံဖော်ဖန်တီးမယ့် “မဂျိုးကို ဘယ်လိုပြောရပါ့”ဇာတ်လမ်းတွဲမှာ မဂျိုးနေရာက အရမ်းတာဝန်ကြီးသလို မျက်ရည်အစစ်တွေနဲ့ပဲ ငိုခဲ့ရတယ်လို့ သရုပ်ဆောင် သဇင်နွယ်ဝင်းက ဖွင့်ဟလာပါတယ်။

“သဇင်က ဆရာမကြီး ခင်လှိုင်ကြူရဲ့ ဝတ္ထုကို ဇာတ်လမ်းအနေနဲ့ ဖန်တီးရတော့ တာဝန်ကြီးတယ်။ ဒီအထဲမှာ ပါဝင်သရုပ်ဆောင်ရတာလေ အစပိုင်းကတော့ မဂျိုးနေရာ အရမ်းတာဝန်ကြီးမှန်း မသိခဲ့ဘူး။ ဝတ္ထုကို ဖတ်ကြည့်လိုက်ချိန် အရမ်းနက်နဲပြီး တာဝန်အရမ်းကြီးတဲ့နေရာက ပါဝင်ခဲ့ရတာပါ။ အရမ်းလည်းကြောက်ခဲ့ရတယ်။ တာဝန်ကျေတာထက် သဇင်ပါဝင်ထားတယ်။ သဇင် ဒီတစ်ကားလုံး တောက်လျှောက် မျက်ရည်အစစ်နဲ့ ငိုရတာမို့ အကောင်းဆုံး ကြိုးစားထားပါတယ်။ ဆရာ ဒါရိုက်တာ ဝင်းထွန်းထွန်းကလည်း မျက်ရည်အစစ်ပဲလိုချင်ခဲ့တာမို့လေ။ သဇင်လုပ်နိုင်ပါ့မလား စိတ်နဲ့ပဲ အရမ်းကြိုးစားခဲ့ပါတယ်။ သဇင့်ကို အဖက်ဖက်က ယုံကြည်ပေးလို့ ကျေးဇူးလည်းတင်ရပါတယ်”လို့ သရုပ်ဆောင် သဇင်နွယ်ဝင်းက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ခင်လှိုင်ကြူ၊ ဇာတ်ညွှန်း ရွှေပြည့်၊ ဒါရိုက်တာ ဝင်းထွန်းထွန်း (အနုပညာပြချက်)က သရုပ်ဆောင်တွေဖြစ်တဲ့ ထူးအောင်၊ ညီထွဋ်ခေါင် ၊ သဇင်နွယ်ဝင်း၊ မှူးထိပ်ထား၊ ဇင်မျိုး၊ ရဲမွန်၊ ဦးဝင်းမြိုင်၊ သင်ဇာဝင်းပြည့်၊ စိုင်းဝေမျိုးသော်၊ ဝင်းမင်းသန်း၊ လင်းသန့်၊ ဘုန်းမြတ်မောင်၊ နန်းခမ်းဝါ၊ ရေကြည်ချမ်းမြ၊ ရွှန်းရွှန်း၊ စွဲငြိထင်၊ သုန္ဒြေဦးနဲ့ အနုပညာရှင်ပေါင်းများစွာနဲ့ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

အပိုင်း ၁၆ ပိုင်းပါဝင်မယ့် “မဂျိုးကို ဘယ်လိုပြောရပါ့”ဇာတ်လမ်းတွဲကို လာမယ့် ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့ထိ MTRTV-4 မှာ ည ၇ နာရီတိုင်း ထုတ်လွှင့်မှာဖြစ်သလို HEY Play Application နဲ့ HEY Play YouTube Channel တို့မှာ ပြသသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းတွဲအမည်ကလည်း မဂျိုးကို ဘယ်လိုပြောရပါ့ဆိုတဲ့အတိုင်း စာရေးဆရာမခင်လှိုင်ကြူရဲ့ နာမည်လေးအတိုင်းပါပဲ။ ဒီဝတ္ထုသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို ကျွန်တော် လူပျိုဘဝထဲက အရမ်းကြိုက်တယ်။ ကျွန်တော် ဒါရိုက်တာဖြစ်ရင် ရိုက်မယ် စိတ်ကူးခဲ့ဖူးတယ်။ ရှေ့မှာလည်း ရုပ်ရှင်တွေ ရိုက်ထားဖူးတာမို့ ရုပ်ရှင်တစ်ကားအနေနဲ့ ဖန်တီးမယ်ဆိုရင် ကျွန်တော့် အတွက် စိန်ခေါ်မှုမရှိတာမို ဇာတ်လမ်းတွဲအနေနဲ့ ရိုက်ကူးဖိုလုပ်ခဲ့တာပါ”လို့ ဒါရိုက်တာ ဝင်းထွန်းထွန်း (အနုပညာပြချက်)က ပြောပါတယ်။

#ထူးအောင် #ညီထွဋ်ခေါင် #သဇင်နွယ်ဝင်း #မှူးထိပ်ထား #HtooAung #DirectorWinTunTun #NyiHtutKhaung #HmueHtateHtar #ThazinNweWin #မဂျိုးကိုဘယ်လိုပြောရပါ့  #HEYPlay #HEYPlayနဲ့ကြည့်မယ် #MTRV4

မူရင်းသတင်း — Myanmar Transparency News