Myanmar Transparency News

အခြေခံလူတန်းစားဘဝသရုပ်ဖော်ဇာတ်လမ်းပုံစံ “အမြဲတမ်း…နှင်း” ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲပေး

၂.၁၁.၂၀၂၆
Written By Thandar 

Alpha Picture HUB Film Production နဲ့ LPHA Picture HUB Film Production တို့က အခြေခံလူတန်းစားဘဝသရုပ်ဖော်ဇာတ်လမ်းပုံစံ “အမြဲတမ်း…နှင်း” ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲပေးပွဲ အခမ်းအနားကို နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ အမြဲတမ်း နှင်းဆိုတဲ့ ဇာတ်ကားမှာ အောင်မြင်မယ်၊ နာမည်ကြီးသွားမယ်ဆိုတာထက် ဒီကားတစ်ခုလုံးကို ဇာတ်ကောင်ကာရိုက်တာပီပြင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို အဓိကစဉ်းစားတာပါ။ စာရေးဆရာမရော ဒါရိုက်တာကရော ဦးလွင်မိုးမဟုတ်ရင် မရိုက်ဘူးလို့ပြောပြီး ကမ်းလှမ်းခဲ့တာပါ”လို့ ထပ်ဆင့်အကယ်ဒမီ လွင်မိုးက ပြောပါတယ်။

အဆိုပါဇာတ်ကားကို ဝတ္ထု နှင်းဆီအောင်၊ ဇာတ်ညွှန်း  အကယ်ဒမီ စိုးကျော်ဆန်း၊ D.O.P အကယ်ဒမီ အာကာတိုး၊ ဒါရိုက်တာ စနိုးမိုင်လီက ၁၉၇၀ – ၁၉၈၀ မြန်မာ့လူ့ဘောင်ကိုလည်း တစ်စိတ်တစ်ဒေသ မီးမောင်းထိုးပြထားတဲ့ အခြေခံလူတန်းစားဘဝသရုပ်ဖော်ဇာတ်လမ်းပုံစံ လာမယ့် နိုဝင်ဘာလလယ်ပိုင်းမှာ ကလောနဲ့ ပြင်ဦးလွင်တို့ဘက်မှာ ရိုက်ကူးပုံဖော်မှာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ သုံးထပ်ကွမ်းအကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ အရိုင်း၊ ရဲလှိုင်၊ စွမ်းထက်ညီညီ၊ လင်းဇာနည်ဇော်၊ နှင်း၊ ဒိုပေါက်၊ ဆွိ၊ စီလာဝင်း၊ ကောင်းဘုန်းထွဋ် နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ 

#လွင်မိုး #ခင်ဝင့်ဝါ  #အရိုင်း #စွမ်းထက်ညီညီ  #လင်းဇာနည်ဇော်  #နှင်း #ဒိုပေါက် #ဆွိ #စီလာဝင်း #LwinMoe #KhinWintWah #LinzarNiZaw #အမြဲတမ်းနှင်း #AlphaPictureHUBFilmProduction  #LPHAPictureHUBFilmProduction  #MTEntertainment

မူရင်းသတင်း — Myanmar Transparency News