မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(တတိယနေ့) ကို သြဂုတ် ၆ ရက်နံနက် ၁၀ နာရီကကျင်းပရာ ချမ်းမြသာစည်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးကျော်က တိုင်းဒေသကြီး၏ လုံခြုံရေးနှင့်သက်ဆိုင်သော အဆိုတစ်ခုကိုတင်သွင်းခဲ့ကြောင်း သိရသည်။
“မန္တလေးတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုအရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေး” အဆိုကိုလွှတ်တော်သို့တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကထောက်ခံဆွေးနွေးပြီး အဆိုကိုဆွေးနွေးရန် လွှတ်တော်ကသဘောတူခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(တတိယနေ့)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၆)ဦးက ကြယ်ပွင့်ပြ မေးခွန်း(၂၀)ကိုမေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။