ရှမ်းပြည်နယ်၊ ကလောမြို့မှ နှစ် (၁၀၀)နှင့်အထက်သက်တမ်းရှိက လောစာတိုက်(ဟောင်း)၊ ကလောရေ ကူးကန်နှင့် နားနေစခန်း(ကလောကလပ်)တို့ကို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအဖြစ်သတ်မှတ်ပြီး သြဂုတ် ၆ ရက်တွင် ကြေးပြားက မ္ပည်းမော်ကွန်းတပ်ဆင်ခဲ့ကြောင်း သိရသည်။
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များသည် ခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်ပြီး နိုင်ငံ၏ဂုဏ်သိက္ခာကိုမြှင့်တင်ပေးနိုင်၍ ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားပြီး ကြေးပြားကမ္ပည်းမော်ကွန်းများကိုတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှစ်ပေါင်း(၁၀၀) ကျော်သက်တမ်းရှိ ရှေး ဟောင်းအဆောက်အအုံစာရင်းဝင် ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်ထားသည့် အဆောက်အအုံများနှင့် ၁၉၁၅ ခုနှစ်က စတင်တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း(၁၁၁)နှစ်သက်တမ်းရှိ ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်ထားသော ကလောဘူတာကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံ (၂၃)လုံးအနက် ရှေးဟောင်းအဆောက်အအုံစာရင်းဝင်ကြေးပြားကမ္ပည်းမော်ကွန်းတပ်ဆင်ထားသည့် အဆောက်အအုံ(၉)ခုရှိပြီဖြစ်ကြောင်း သိရသည်။