Popular Myanmar

ရန်ကုန်တွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်း အခမဲ့ဖွင့်လှစ်မည်

ရန်ကုန်၊ သြဂုတ် ၉

ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်းကို ဩဂုတ် ၁၈ ရက်မှ ဩဂုတ်လကုန်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် Yuanyi International Dance Academy (YIDA- Beijing Dance Academy မြန်မာနိုင်ငံ ပြည်ပစစ်ဆေးမှုဌာန) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး တရုတ်ရိုးရာအကပညာရှင် ဆရာမများက အကကိုယ်ဟန်နှင့် လှုပ်ရှားမှုများကို စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းတွင် အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း တရုတ်ရိုးရာအကကို စိတ်ဝင်စားသူများ ပါဝင်တက်ရောက်နိုင်ပြီး သင်တန်းကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းအတွက် စိတ်ဝင်စားသူများထံမှ လျှောက်လွှာများကိုလည်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက လက်ခံခေါ်ယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar