Popular Myanmar

ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးများ ခေါ်ယူနေဟု ထွက်ပေါ်နေသည့်သတင်းသည် သတင်းမှားသာ ဖြစ်သည်ဟု ဆို

နေပြည်တော်၊ဩဂုတ်-၁၁

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းများ လုံးဝမရှိကြောင်းနှင့် မှော်ဘီမြို့ရှိ ရကသ (၄) တွင် သင်တန်းဖွင့်လှစ်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

လက်ရှိအချိန်တွင် မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်း၍ တက်ရောက်သည့် အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနှင့် အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးပြု၍ အမျိုးသမီးများကို ခေါ်ယူမှု မရှိသေးကြောင်းလည်း ဆိုသည်။

ထို့ကြောင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် မှော်ဘီ ရကသ (၄) ၌ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဆိုသော သတင်းမှာ မဟုတ်မှန်သည့် သတင်းအမှားသာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — Popular Myanmar