Popular Myanmar

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ NDAA ဥက္ကဋ္ဌ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ   နိုင်ငံတော်သမ္မတကြီးအနေဖြင့် မိုင်းလားဒေသရှိ တိုင်းရင်းသားများ၏ လူ မှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးစေလိုဟု NDAA ဥက္ကဋ္ဌဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့က ယနေ့ သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
    
တွေ့ဆုံစဥ် NDAA ဥက္ကဋ္ဌက NDAA မိုင်းလားအဖွဲ့အနေ ဖြင့် နှစ်ပေါင်း (၃၀)ကျော်ကြာ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး”ဆိုသည့် လမ်းစဉ်အတိုင်းလျှောက်လှမ်းခဲ့ပြီး နိုင်ငံတော်အစိုးရအဆက်ဆက်နှင့်လည်းကောင်းမွန်သည့် ဆက်ဆံ‌ရေးထိန်းသိမ်းနိုင်ခဲ့မှု၊ NDAA မိုင်းလားအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် အမြဲမပြတ်ထိတွေ့ဆက်ဆံပြီး ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းအောင်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဆွေးနွေးတင်ပြခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတကြီးအနေဖြင့် မိုင်းလားဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုး တက်ရေးအတွက် ဆက်လက်ဆောင် ရွက်ပေးစေလိုကာ NDAA အနေဖြင့် NSPNC နှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ကောင်းမွန်ပြီးအပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်ခဲ့သည်ဟု ဆွေးနွေးတင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတကလည်း နိုင်ငံတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီဦးတည်လျှောက်လှမ်းကြိုး ပမ်းလျက်ရှိမှု၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံနှင့်ဒေသအကျိုးအတွက် ပါဝင်ဆောင်ရွက်နိုင်မှု၊ မိုင်းလားဒေသဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် လမ်းပန်းဆက်သွယ်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး နိုင်ငံတော်အစိုးရမှဖြည့်ဆည်းပေးသွားမည်ဟု ပြောသည်။

ထို့ပြင် မိုင်းလားဒေသအတွင်း ပညာ ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆရာ/ဆရာမများနှင့် အခြေခံအဆောက်အဦများဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးက ဏ္ဍတိုးတက်ရေးဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးပစ္စည်းများဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်မှဆောင်ရွက်ပေးမည်ဖြစ်ကာ မိုင်းလားဒေသ၌ လတ်တ လောကာလအတွင်း လိုအပ်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများစေလွှတ်ပေးသွားမည်ဟု ပြောသည်။

ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိနိုင်ရေး မိုင်းလားဒေသအတွင်း ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများဖြင့်ဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် NDAA ဥက္ကဋ္ဌတို့သည် မိုင်းလားဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အ ခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ် စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နိုင်ငံတော်အ ကြီးအကဲ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ချက်များအား မိုင်းလားဒေသရှိ ဒေသခံများကိုချပြဆောင်ရွက်မည်ဖြစ်၍ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အလေးထားပူးပေါင်းဆောင် ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
 

မူရင်းသတင်း — Popular Myanmar