Popular Myanmar

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်   အထူးအစည်းအဝေး၌ အဆိုပြုတင်ပြခြင်း(၂)ခုပြု လုပ်မည်

တတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၂၆) ပထမနေ့အား မနက်ဖြန် သြဂုတ် ၁၃ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစ ကားပြောကြားပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းလျာထားချက်တို့နှင့်ပတ် သက်၍ တိုင်းအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ် တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီတွင်ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးတို့၏အမည်စာရင်းတို့ကို တိုင်းဒေ သကြီးလွှတ်တော်သို့အဆိုပြုတင်ပြမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ တိုင်းဒေသကြီးလွှတ်တော် ဒု-ဥက္ကဋ္ဌက ပဲခူး တိုင်းဒေသကြီးလွှတ် တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေ စာ ရင်းပူးပေါင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကို တိုင်းဒေသကြီးလွှတ်တော်သို့ အဆိုပြုတင်ပြမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ် တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာ ရင်းပူးပေါင်းကော်မတီတွင်ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည် စာရင်း၊ ဥက္ကဋ္ဌ၊ အတွင်းရေး မှူးတို့၏ အမည်စာရင်းနှင့် ပူးပေါင်းကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရ ပိုင်ခွင့်၊ သက်တမ်းတို့ကို တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အတည်ပြုကြောင်းကြေညာမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ တိုင်းဒေသကြီးစာရင်းစစ် ချုပ်၏ လုပ်ငန်းဆောင်ရွက်မှုအစီ ရင်ခံစာအား တိုင်းဒေသကြီးလွှတ် တော်သို့တင်ပြမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar