





ပုဇွန်တောင်၊ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူစာသင် ကျောင်းများ၌ မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင် ကာ ကွယ်နိုင်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့နယ်အတွင်းရှိ တာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တ ဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်း နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ ဆယ် အိမ်မှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အဖွဲ့ငယ်(၃)ဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ စာသင်ကျောင်းများအား မိုးရာသီကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် သုံးရေများအား ကလိုရင်းဆေးခတ်ခြင်း၊ သောက် ရေများအား ရေသန့်ဆေးခတ်ခြင်းနှင့် ကျောင်းမှ ဆရာ/ဆရာမများအား ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်
#News #Myanmar