

နယူးယောက်၊ စက်တင်ဘာ ၂၈
၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံက အထူးစစ်ဆင်ရေး စတင်ခဲ့ချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul တို့သည် စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ခေတ္တတွေ့ဆုံခဲ့ကြသည်။
ဂျာမနီဘက်က စက်တင်ဘာ ၂၅ ရက်တွင် "နောက်ဆုံးအချိန်ရောက်မှသာ" တွေ့ဆုံရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း Sergei Lavrov က ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးသည် Sergei Lavrov ၏ အထွေထွေညီလာခံ မိန့်ခွန်းမပြောကြားမီ အချိန်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
"အဲဒီ (ဂျာမနီ) နိုင်ငံခြားရေးဝန်ကြီးရဲ့ အစီအစဉ်ကနေ ဘာအသစ်အဆန်းမှ ထွက်ပေါ်လာတာ မရှိပါဘူး" ဟု Sergei Lavrov က သတင်းထောက်များကို ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သော တွေ့ဆုံမှုကို ရုရှားနှင့် ဂျာမနီ နှစ်နိုင်ငံအကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ခြင်းအဖြစ် ရှုမြင်နိုင်ပါသလားဟု မေးမြန်းခဲ့ရာ Johann Wadephul သည် ၎င်း၏ တရားဝင် လူသိရှင်ကြား ရပ်တည်ချက်ကိုသာ ထပ်လောင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း Sergei Lavrov က ဖြေကြားခဲ့သည်။
Ref - (Xinhua)
#News #Myanmar