Eleven Media Group

■ အမြန်လမ်း ၁၁၅ မိုင်) ဆီဆိုင်တွင် ရွှေထုပ်တစ်ထုပ်ကောက်ရထားပြီး ပိုင်ရှင်အနေဖြင့် သက်ဆိုင်ရာဆိုင်ခွဲတွင် လာရောက်ဆက်သွယ်ရန် DENKO ဆီဆိုင်ကြေညာ

အမြန်လမ်း ၁၁၅ မိုင်) ဆီဆိုင်တွင် ရွှေထုပ်တစ်ထုပ်ကောက်ရထားပြီး ပိုင်ရှင်အနေဖြင့် သက်ဆိုင်ရာဆိုင်ခွဲတွင် လာရောက်ဆက်သွယ်ရန် DENKO ဆီဆိုင်က ထုတ်ပြန်ကြေညာသည်။

DENKO ဆီဆိုင်က ၎င်းတို့၏ facebook လူမှုကွန်ယက်စာမျက်နှာတွင် သြဂုတ် ၁၄ ရက်နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

DENKO ဆီဆိုင်၏ facebook လူမှုကွန်ယက်စာမျက်နှာတွင် “DENKO ဖြူး (အမြန်လမ်း ၁၁၅ မိုင်) ဆီဆိုင်တွင် ရွှေထုပ်တစ်ထုပ်ကောက်ရထားပါသည်။ သက်ဆိုင်ရာဆိုင်ခွဲသို့ လာရောက်ဆက်သွယ်ပါရန်။” ဟု ရေးသားဖော်ပြထားပြီး ရွှေအလေးချိန် ၊ ရွှေပုံသဏ္ဍန်အရွယ်အစားနှင့် ရွှေထုတ်တန်ဖိုးတို့ကိုမူ ဖော်ပြထားသည်ကို မတွေ့ရပေ။

မူရင်းသတင်း — Eleven Media Group