Eleven Media Group

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြား

ရုရှားဖက်ဒရေးရှင်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(သြဂုတ် ၁၉ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းက Plekhanov Russian University of Economics ၌ ကျင်းပသည့် မြန်မာ-ရုရှား စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မိန့်ခွန်းပြောကြားခြင်းနှင့် Special Keynote Address ပို့ချခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group