Myanmar National Post

သံလျင်မြို့နယ်ရှိ စိန်ကုန်းဗလီဝင်းအတွင်း ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ ပြန်လည်ဖြိုဖျက်









သံလျင်မြို့နယ် စိန်ကုန်းဗလီအတွင်း ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦများ ပြန်လည်ဖြိုဖျက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဗလီဝင်းအတွင်း ခွင့်ပြုချက်မရဘဲ အဆောက်အအုံများ ဆောက်လုပ်နေမှုကို ဒေသခံပြည်သူများ၏ ဆက်သွယ်သတင်းပေးပို့ချက်အရ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ သွားရောက်ဖော်ထုတ်ပြီး တာဝန်ရှိသူများ သိရှိစေရန် တင်ပြခဲ့သည်။ ဗလီမှ တာဝန်ရှိသူများသည် အဆောက်အဦများကို ခွင့်ပြုချက်မရမီ ဆောက်လုပ်ပြီး သက်ဆိုင်ရာကို လာဘ်ငွေပေးခဲ့သည့် အခြေအနေများကိုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒေသခံများ၏ ဆက်သွယ်သတင်းပေးပို့ချက်အရ ဗလီဝင်းအတွင်းမှ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦများကို ဖြိုဖျက်နေသည်ကို တွေ့မြင်ရသည်။

အလားတူ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦးများ၊ BCC မရရှိဘဲ လူနေထိုင်မှုများကို စည်ပင်သာယာဌာနမှ ပြန်လည်ပိတ်သိမ်းလျက်ရှိကြောင်း သိရသည်။


#News #Myanmar


မူရင်းသတင်း — Myanmar National Post