Myanmar National Post

အိမ်မဲမြို့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချ



အိမ်မဲ၊ သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်အထက်ပိုင်းရပ်ကွက်ရှိ မြို့နယ်ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်(၈)နာရီတွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦး၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်၊ ကြက်ဥကုန်သည်များက တစ်ရက်လျှင် ဆန်တစ်ပြည် (၂၅၀၀) နှုန်းဖြင့် ဆန်အိတ်(၂၀)၊ စားအုန်းဆီ(၅၀)သားလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် ဆီ(၅၀) ပိဿာ၊ ကြက်ဥတစ်လုံးလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၉၀၀) တို့ကို ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။

ထိုကဲ့သို့ရောင်းချနေမှုများကို အပတ်စဥ်တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးကော်မတီထံမှ သိရသည်။


ချစ်သက်လယ်

#Myanmar #News

မူရင်းသတင်း — Myanmar National Post