Myanmar National Post

စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ




ဂန့်ဂေါ၊ အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတများပြည့်ဝ၍ သုတ/ရသစာအုပ်စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပရခြင်း ၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် အသိပညာ ဗဟုသုတများရရှိစေမည့် သုတ/ရသစာပေများကိုပါ ဖတ်ရှုလေ့လာကြရမည်ဖြစ်ကြောင်း၊  စာပေများ ဖတ်ရှု လေ့လာခြင်းကြောင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများအကြောင်း၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရေး နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရေး စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မောင်မျိုးမင်း

#News #Myanmar

မူရင်းသတင်း — Myanmar National Post