Myanmar National Post

မဟာအောင်မြေမြို့နယ် အ.ထ.က(၂၄)ကျောင်းရှေ့လမ်းဘေးဝဲ/ယာရှိ ရေဆိုးမြောင်းနှင့် အမှိုက်များပိတ်ဆို့နေမှုအား သန့်ရှင်းရေးဆောင်ရွက်



‎‎မဟာအောင်မြေ၊ ဩဂုတ် ၂၅

‎‎မန္တလေးမြို့၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ သံလျက်မော်အနောက်ရပ်ကွက်၊ ၉၀-၉၁ လမ်းကြား ၄၁ လမ်း  အ.ထ.က(၂၄) ကျောင်းရှေ့ လမ်ဘေးဝဲ/ယာရှိ  ရေဆိုးမြောင်းနှင့် အမှိုက်‎များပိတ်ဆို၍ လမ်းမပေါ်သို့ မိုးရေများ တင်နေသည့်အတွက် ယနေ့နံနက်ပိုင်းက သန့်ရှင်းရေးဌာနမှဝန်ထမ်းများက ဆည်ယူပေးခဲ့ကြောင်း သိရသည်။

‎‎အဆိုပါ ရေမြောင်းဆည်ယူရာသို့ တိုင်းဒေသကြီးလွှတ်တော် ဦးယဥ်မောင်ဟိန်း၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ သန့်​ရှင်းရေးဌာနမှူးနှင့် တာဝန်ရှိသူများ၊ အ.ထ.က(၂၄) ကျောင်းအုပ်ဆရာကြီး ဦးမျိုးဆန်းလင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်၊ သံနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းရှိန်နှင့် ရာအိမ်မှူးများမှ ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


‎‎အောင်ဇော်မင်း

#Myanmar #News

မူရင်းသတင်း — Myanmar National Post