Myanmar National Post

ပခုက္ကူမြို့၌ ကျောင်းသား ကျောင်းသူများ အာဟာရဖြည့်စွက်စာကျွေးမွေးနိုင်ရေး ငှက်ပျောပင်များစုပေါင်းစိုက်ပျိုး






ပခုက္ကူ၊ ဩဂုတ် ၂၆

မကွးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ယနေ့နံနက်၈နာရီခွဲအချိန်က ကျောင်းသား ကျောင်းသူများ ကိုယ်ကာယနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးအတွက် အာဟာရဖြည့်စွက်စာကျွေးမွေးနိုင်ရေး ငှက်ပျောပင် များစုပေါင်းစိုက်ပျိုးကြသည်။

ရှေးဦးစွာ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိ သူများနှင့်အတူက ပျိုးပင်များပေးအပ်သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးလှဝင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦး၊ ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများက ငှက်ပျောပင်ပေါင်း (၅၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post