Myanmar National Post

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ



နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၃၁-၈-၂၀၂၆ ရက်၊ ၁၁၀၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် မြန်မာ-ရုရှားစီးပွားရေးဖွံ့ဖြိုးမှုအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post