Myanmar National Post

ချောင်းဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံး


စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးတောင်ရပ်ကွက်နေ ဦးအေးမင်းထွန်း(၃၅)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ မခိုင်ဇင်ဖြိုး(၂၈)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦးခန့်က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။


#Myanmar #News


မူရင်းသတင်း — Myanmar National Post