
အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ကျေးသီးမြို့ အခြေစိုက်အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
ယနေ့(စက်တင်ဘာ ၂ ရက်)တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ဇွဲမာန်ဟိန်းစစ်ဆင်ရေးတာဝန်၊ နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် ကျေးသီးမြို့အခြေစိုက်အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားသို့ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး မိုင်းနောင်တပ်နယ်မှူး ဗိုလ်မှူးကြီး မင်းသိန်းကျော်နှင့် သက်ဆိုင်ရာတပ်နယ်မှ တာဝန်ရှိသူများ၊ ကျေးသီးမြို့အခြေစိုက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ဒေသခံပြည်သူများ၊ အမှတ်(၁၃၁) ခြေလျင်တပ်ရင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ အောင်ပွဲရစစ်ဆင်ရေးပြန် တပ်မတော်သားများ အား တာဝန်ရှိသူများက အောင်သပြေခက်များ၊ အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
ထို့နောက် အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး တပ်နယ်မှူး ဗိုလ်မှူးကြီး မင်းသိန်းကျော်နှင့်တာဝန်ရှိသူများသည် ရှေ့တန်းပြန် အရာရှိ၊ စစ်သည်များ နေထိုင်ရန်အတွက် အိပ်ဆောင်များ ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ကျေးသီးမြို့အခြေစိုက်အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ အား အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး တပ်နယ်မှူး ဗိုလ်မှူးကြီး မင်းသိန်းကျော် က ကြိုဆိုဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ထို့နောက်တွင် အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ အား အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး တပ်နယ်မှူး ဗိုလ်မှူးကြီး မင်းသိန်းကျော် က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မင်းသိန်းကျော်နှင့် တာဝန်ရှိသူများသည် အမှတ်(၁၃၁)ခြေလျင်တပ်ရင်းမှ အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာအား စားသုံးခဲ့ကြသည်။
ကျေးသီးမြို့အခြေစိုက် အမှတ်(၁၃၁)ခြေလျင်တပ်ရင်းသည် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ဇွဲမာန်ဟိန်းစစ်ဆင်ရေးတာဝန်၊ နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးတာဝန်တွေကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှ ယနေ့အထိ ၄ နှစ်နှင့် ၅ လကြာ ထမ်းဆောင်ခဲ့ပြီး တပ်ရင်းဌာနချုပ်သို့ ပြန်လည်စုဖွဲ့လေ့ကျင့်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ကျေးသီးမြို့အခြေစိုက်အမှတ်(၁၃၁)ခြေလျင်တပ်ရင်း စစ်ဆင်ရေးတာဝန်များကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ပန်ပိ-ပန်တဝိဒေသ၊ ဝမ်ဆင်း-နားပွဲဒေသ၊ မိုင်းပွန်ဒေသ၊ ပန်ကေတု-ဆားတော-တုံလောဒေသနှင့် မိုင်းကိုင်ဒေသတို့၌ စစ်ဆင်ရေး၊ နယ်မြေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း သိရသည်။