
ထိုင်းနိုင်ငံ အမှတ် ၃၅ တပ်မတော်နယ်ခြားစောင့်တပ်ဖွဲ့သည် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ မဖြစ်ပွားစေရေးအတွက် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တင်းကျပ်စွာကင်းလှည့်စောင့်ကြည့်ပြီး တားဆီးကာကွယ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အမှတ် ၃၅ တပ်မတော်နယ်ခြားစောင့်တပ်ဖွဲ့၏ လျင်မြန်စွာလှုပ်ရှားနိုင်သောတပ်ဖွဲ့သည် အမှတ် ၃၅၀၆ တပ်ခွဲနှင့် ပူးပေါင်း၍ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ လမ်းကြောင်းများ၊ တရားမဝင်ဖြတ်ကူးရာနေရာများ၊ သဘာဝအတိုင်းဖြစ်ပေါ်နေသော လမ်းကြောင်းများနှင့် သောင်ရင်းမြစ်ကမ်းစပ်တစ်လျှောက်တွင် ကင်းလှည့်စောင့်ကြည့်ခြင်းနှင့် အင်အားပြလှုပ်ရှားခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ လုပ်ဆောင် ချက်များမှာ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် လူကုန်ကူးမှုများကို နှိမ်နင်းရန်၊ Scammer ဂိုဏ်းများ၏ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးရန်၊ လောင်စာဆီ တရားမဝင် တင်သွင်း-တင်ပို့မှုများကို တားဆီးရန်နှင့် တရားမဝင်လုပ်ရပ်အားလုံးကို ကာကွယ်ရန်ဖြစ်သည်ဟုဆိုသည်။
Ref,AEC Thai News