
လူမှုကွန်ရက် စာမျက်နှာများတွင် Ayeyarwaddy Times အမည်ဖြင့် လုပ်ကြံသတင်းများဖြန့်ဝေနေသည့် တရားမဝင် သတင်းစာမျက်နှာမှ ဘာသာရေးပြဿနာဖန်တီးသည့် သတင်းမှား ရေးသားဖြန့်ဝေထားသည်။
အဆိုပါ တရားမဝင် သတင်းစာမျက်နှာမှ "ဟားခါးမြို့နယ်တွင် ရွေးတုအစိုးရတပ်က သင်းအုပ်ဆရာအပါအဝင် ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်" ဟု မဟုတ်မမှန် လုပ်ကြံဖန်တီးကာ ရေးသားဖြန့်ဝေထားခြင်း ဖြစ်သည်။
ဖြစ်စဉ်ဖြစ်ရပ်မရှိဘဲ အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။
Ayeyarwaddy Times အမည်ဖြင့် လုပ်ကြံသတင်းများဖြန့်ဝေနေသည့် တရားမဝင် သတင်းစာမျက်နှာမှ BRI ၏ သြဂုတ် ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် သင်းအုပ်ဆရာ ရာဗ်ဝီလျံကို ချင်းကာကွယ်ရေးတပ် - ဟားခါး ထောက်ခံသည်ဟု စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်ကို ကိုးကားပြီး ဖော်ပြထားသည်။
Burma Research Institute (BRI) ရဲ့ ထုတ်ပြန်ချက်မှာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာမှ သင်းအုပ်ဆရာ ဝီလျံနဲ့ ရွာသားတစ်ဦးတိုကို တပ်မတော်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ မြေပြင်မှာ လုံးဝဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဘာသာရေးအသွင်ဆောင်ကာ တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေရန် ရည်ရွယ်လုပ်ကြံဖန်တီးထားတဲ့ “သတင်းအမှား” သာ ဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ ချင်းပြည်နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ရာမှာ တည်ဆဲဥပဒေများနှင့်အညီသာ ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများနှင့်လည်း အမြဲတမ်းရင်းနှီးချစ်ကြည်စွာ ဆက်ဆံလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ အခြားသော ဘာသာပေါင်းစုံမှ ပြည်သူများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြပြီး ဖွဲစည်းပုံအခြေခံဥပဒေအရ မိမိနှစ်သက်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သာသနာပြုခွင့်များကို အပြည့်အဝပေးအပ်ကာ အမြဲတမ်း အကာအကွယ်ပေးလျက်ရှိကြောင်း၊ တပ်မတော်နဲ့ ပြည်သူလူထုအကြား ရင်းနှီးချစ်ကြည်မှုရှိနေခြင်းကို မလိုလားသူတွေနဲ့ BRI အဖွဲ့တို့က ယခုကဲ့သို့ ဘာသာရေးကို အသုံးချပြီး အများပြည်သူ အထင်အမြင်လွဲမှားစေရန်အတွက် အပုပ်ချလုပ်ကြံကာ သတင်းအမှားများ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
Ayeyarwaddy Times အမည်ဖြင့် လုပ်ကြံသတင်းများဖြန့်ဝေနေသည့် တရားမဝင် သတင်းစာမျက်နှာကို အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ရန် ပြည်ပြေး ဝရမ်းပြေး NLD လွှတ်တော်အမတ်ဟောင်းတချို့ က ဦးဆောင်၍ လုပ်ဆောင်နေခြင်းဖြစ်သည်။ ၎င်းတို့၏ သတင်းစာမျက်နှာမှ မမှန်သတင်းများ၊ အစိုးရနှင့် ပြည်သူကြား တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ကြံဖန်တီးရေးသားဖော်ပြမှုများကို အစဉ်သဖြင့် လုပ်ဆောင်လျက်ရှိသည်။
#News #Myanmar