Myanmar National Post

ဟော်မုဇ်ရေလက်ကြား ကိစ္စနဲ့ပတ်သက်ပြီး အီရန်နဲ့ မပေါင်းနိုင်ဘူးလို့ အိုမန်ဘက်က ပြောပြီ


စက်တင်ဘာ - ၄ ( သောကြာနေ့ ) 

အိုမန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြား ကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေထံကနေ ဝန်ဆောင်ခ ပူးတွဲကောက်ခံဖို့ အီရန်ရဲ့ အဆိုပြုချက်ကို ငြင်းပယ်လိုက်ကြောင်း ဒေသတွင်း ထိပ်တန်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး နယူးယောက်ခ်ပို့စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

တာဝန်ရှိသူရဲ့ အဆိုအရ အိုမန် (မက်စကတ်) ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အငြင်းပွားမှုတွေကို ရှောင်ရှားဖို့အတွက် ဟော်မုဇ်ရေလက်ကြား၏ လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အသုံးပြုမယ့် သဘောဆန္ဒအလျောက် ပေးဆောင်ရမယ့် အခကြေးငွေများ ကောက်ခံရေး အယူအဆကိုပင် ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၁၇ ရက်နေ့တုန်းက ထရမ့်ဟာ အိုမန်ရဲ့ လုပ်ဆောင်ချက်များအပေါ် မကျေနပ်ကြောင်း ဖော်ပြခဲ့ပြီး အီရန်နဲ့ အမေရိကန်ကြား ပဋိပက္ခ ဖြေရှင်းရေးကို အိုမန်က အဟန့်အတား လုပ်ဆောင်ပါက အိုမန်စူလတန် နိုင်ငံကို "ပြင်းပြင်းထန်ထန် ဗုံးခွဲတိုက်ခိုက်မယ်" လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ 

အေပီသတင်းဌာန အဆိုအရ အမေရိကန်အစိုးရဟာ အိုမန်အာဏာပိုင်တွေအနေနဲ့ ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ရေးဆိုင်ရာ အီရန်နဲ့ ဆွေးနွေးပွဲတွေမှာ လိုက်လျောမှုတွေ အလွန်အမင်း လုပ်ဆောင်ခဲ့တယ်လို့ ယူဆနေပါတယ်။ အထူးသဖြင့် ရေလက်ကြား အဝင်/အထွက်ကို နှစ်နိုင်ငံ ပူးတွဲထိန်းချုပ်ရေးနဲ့ သင်္ဘောပိုင်ရှင်တွေထံကနေ ဖြတ်သန်းခ ကောက်ခံရေး သဘောတူညီချက်များအပေါ် ဝါရှင်တန်က မကျေမနပ် ဖြစ်နေတာ ဖြစ်ပါတယ်။


REF: Tass

#News #Myanmar

မူရင်းသတင်း — Myanmar National Post