Myanmar National Post

မနေ့က တစ်ရက်တည်းနဲ့ ယူကရိန်း စစ်သား ၁၅၀၀ကျော် ကျဆုံးသွားတယ်လို့ ရုရှားဘက်က ပြော


စက်တင်ဘာ - ၄ ( သေကြာနေ့ ) 

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်များအရ လွန်ခဲ့သော ၂၄ နာရီအတွင်း ရှေ့တန်းစစ်မျက်နှာပြင်အားလုံး၌ ရုရှားတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း ယူကရိန်စစ်သည် ၁,၅၁၀ ခန့် ကျဆုံးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ ရုရှားရဲ့ "မြောက်ပိုင်း" တပ်ဖွဲ့တာဝန်ယူရာနယ်မြေ၌ ယူကရိန်စစ်သည် ၃၁၅ ဦးကျော်၊ "အနောက်ပိုင်း" တပ်ဖွဲ့နယ်မြေ၌ ၂၁၀ ဦးကျော်နှင့် "တောင်ပိုင်း" တပ်ဖွဲ့နယ်မြေ၌ ၂၀၅ ဦးကျော် ကျဆုံးခဲ့ပါတယ်။ ထို့အပြင် "ဗဟို" တပ်ဖွဲ့နယ်မြေ၌ ၃၈၅ ဦးကျော်၊ "အရှေ့ပိုင်း" တပ်ဖွဲ့နယ်မြေ၌ ၃၄၀ ဦးကျော်နှင့် "ဒနီပရို" တပ်ဖွဲ့နယ်မြေ၌ ၅၅ ဦးအထိ ကျဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တစ်ရက်အတွင်း ယူကရိန် ဒရုန်း ၉၉၈ စီးနှင့် လေကြောင်းလမ်းညွှန်ဗုံး ၂ လုံးကို ရုရှားလေကြောင်းရန် ကာကွယ်ရေး က ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ၊  ခါကိဗ်ဒေသရှိ ဗာစီလိဗ်ကာ၊ ဘလာဂိုဒတ်နိုယဲနှင့် ဒိုးဇန်ကာ ကျေးရွာများကို ရုရှားတပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့ကြောင်း ၊  ကိယက်ဗ်ဒေသရှိ စစ်ဘက်ကုန်စည် ပို့ဆောင်ရေးစခန်းကို ရုရှားတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ကြောင်း ၊  ခါကိဗ်အနီးရှိ ယူကရိန်ရဲ့ စခန်း ကတုတ်ကျင်းနှင့် တပ်စွဲရာနေရာ ၂၄၀ ကျော်ကို မြောက်ပိုင်းတပ်ဖွဲ့ ဖျက်ဆီးနိုင်ခဲ့ကြောင်း ၊ ယူကရိန်စစ်တပ် အသုံးပြုနေသော အခြေခံအဆောက်အအုံများကို ရုရှားတပ်များ ထိုးစစ်ဆင်နိုင်ခဲ့ကြောင်း ၊  ပင်လယ်နက်တပ်ဖွဲ့က ယူကရိန်ရေတပ်၏ လူမဲ့တိုက်ခိုက်ရေးလှေ ၆ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ၊ ဒွန်းညက်ပြည်သူ့သမ္မတနိုင်ငံရှိ အစ်ဇက်ဗ်ကာ ကျေးရွာကို ရုရှားတပ်များ ထိန်းချုပ်နိုင်ခဲ့ကြောင်း နဲ့ ခါကိဗ်ဒေသ ဗာစီလိဗ်ကာ တိုက်ပွဲတွင် ယူကရိန်တပ်ဖွဲ့များ အထိနာခဲ့ကြောင်း တို့ကို ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ 


REF: Tass

#News #Myanmar

မူရင်းသတင်း — Myanmar National Post