



ကျိုက်ထို၊ စက်တင်ဘာ ၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းကျောင်း(တိုင်ကော်) "ကျောင်းဖွင့်ပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့ထင်းကျေးရွာအုပ်စု၊ တိုင်ကော်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း(တိုင်ကော်)၌ ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလှ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်၊ ဒုမြို့နယ်ပညာရေးမှူးဦးစိုးမိုးအေး၊ ကျောင်းကော်မတီမှဝာာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ ကျောင်း သားကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေပြီး ဘုရားသုံးဆူတောင်ပေါ်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တတေဇဝန္တက အဖွင့်အမှာစကားမိန့်တော်မူခဲ့သည်။
ထို့နောက်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်နှင့် ဒုမြို့နယ်ပညာရေးမှူးဦးစိုးမိုးအေးတို့က အမှာစကားပြောကြားပြီး တိုင်ကော်ကျေးရွာမှရပ်မိ/ရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလှ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုမြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#News #Myanmar