
သမ္မတဒေါ်နယ်ထရန့်က အမေရိကန်ကြည်းတပ်၏ယာယီဝန်ကြီးအသစ်ကို ခန့်အပ်လိုက်သည်ဟု စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ခေါင်းဆောင်ပိုင်းနှင့် သဘောထားမတိုက်ဆိုင်မှုများရှိခဲ့သည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ကြည်းတပ်၏အရပ်သားဝန်ကြီး ဒန်ဒရစ်စကိုးလ် နုတ်ထွက်သွားပြီးနောက် ရက်ပိုင်းအတွင်း သမ္မတက ယာယီကြည်းတပ်ဝန်ကြီးတစ်ဦးကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။
“အစိုးရလုပ်ငန်းများအတွက် လက်ရှိ ဒုတိယကြည်းတပ်ဝန်ကြီး အဒမ်တဲလ်ဟာ ကြည်းတပ်ရဲ့ ယာယီဝန်ကြီးဖြစ်လာတော့မယ်လို့ ကျွန်တော်ကျေကျေနပ်နပ် ကြေညာပါတယ်”ဟု ထရန့်ကသူ၏ Truth Social တွင် ပို့စ်တင်ခဲ့သည်။
အဒမ်တဲလ်သည် အားလုံးက လေးစားရသည့်ကြီးမြတ်သောမျိုးချစ်ဖြစ်သည်ဟုလည်း ထရန့်ကဖော်ပြခဲ့သည်။
အမေရိ ကန်ဆီးနိတ်၏အတည်ပြုခြင်းခံခဲ့ရပြီးနောက် အဒမ်တဲလ်သည် ၂၀၂၅ ခုနှစ် သြဂုတ်တွင် ဒုတိယကြည်း တပ်ဝန်ကြီးအဖြစ် ကျမ်းကျိန်ခဲ့သည်။
သူသည် အမေရိကန်လွှတ်တော်တွင် လက်ထောက်အဖြစ်သူ့ဘဝ၏အချိန်အများစုကို ကုန်ဆုံးခဲ့သူဖြစ်သည်။
ကြည်းတပ်ဝန်ကြီးရာထူးမှ နုတ်ထွက်သွားသောဒရစ်စကိုးလ်သည် ဒုတိယသမ္မတ ဂျေဒီဗန့်နှင့် ဥပဒေကျောင်းတွင်အတန်းဖော်ဖြစ်သည်ဟု သိရသည်။