Myanmar National Post

သံအမတ်ကြီး ဦးစိုးသက်နောင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်


ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးစိုးသက်နောင်သည် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ အီစတာနာနန်းတော်၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒိုလာ အဗ်နီ အယ်လ်မာဟွန် ဆူလ်တန် ဟာဂျီ အိုမာအလီ ဆိုင်ဖူဒင် ဆအာဒူလ် ခိုင်ရီ ဝါဒင် ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post