Myanmar National Post

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင် ငွေကျပ် ၃,၁၀၃.၆ သိန်းတန်ဖိုးရှိ ဆေးခြောက်များ ဖမ်းဆီးရမိ


နေပြည်တော်၊ စက်တင်ဘာ ၁၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၈ ရက်နေ့ ၁၄၀၀ အချိန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ညောင်တုန်းလမ်းတွင် ကျော်မိုးဟန် မောင်းနှင်ပြီး ကျော်ဇင်ထွန်း လိုက်ပါလာသည့် SUZUKI EVERY အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဆေးခြောက် အလေးချိန် ၄ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၁၆၀၀ အချိန် ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဆေးခြောက် အလေးချိန် ၁၅၁ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၀၂၀)နှင့် ဆေးခြောက်အရည် ၄ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၃.၆ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်မိုးဟန်(၃၄)နှစ် နှင့် ကျော်ဇင်ထွန်း(၃၇)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post