Myanmar National Post

ယူကရိန်းရှေ့နေ့ချုပ် ထွက်ပြေးလို့ ရာထူးက ထုတ်ပစ်လိုက်




စက်တင်ဘာ - ၁၇

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးဟာ ရှေ့နေချုပ် ရူစလန် ကရက်ဗ်ချန်ကို ကို ရာထူးကနေ ထုတ်ပယ်ကြောင်း အမိန့်ကြော်ငြာစာကို အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ပြီးနောက်၊ ယူကရိန်းပါလီမန်ကလည်း ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုပေးခဲ့ပါတယ်။

ကရက်ဗ်ချန်ကိုဟာ ဒီရာထူးကို ၂၀၂၅ ဇွန်လကတည်းက တာဝန်ယူခဲ့တာပါ။ စက်တင်ဘာ ၄ ရက်နေ့မှာတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေက ရှေ့နေချုပ်ရုံးအတွင်း မကင်းရာမကင်းကြောင်း ဂိုဏ်းဖွဲ့မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ကာ ကရက်ဗ်ချန်ကိုရဲ့ နေအိမ်ကိုပါ ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

ဒါကြောင့် သူဟာ စက်တင်ဘာ ၇ ရက်နေ့မှာ နုတ်ထွက်လွှာ တင်ခဲ့ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၄ ရက်နေ့ မှာတော့ SAPO (အထူးအဂတိတိုက်ဖျက်ရေး ပုဂ္ဂိုလ်) အကြီးအကဲနဲ့ နီးစပ်သူတစ်ဦးဖြစ်တဲ့ NABU (အဂတိတိုက်ဖျက်ရေးဗျူရို) ညွှန်ကြားရေးမှူး ဆာမြွန် ကရီဗိုနို့စ်အား တရားစွဲဆိုကြောင်း လက်မှတ်ထိုးခဲ့ပြီးနောက် အလုပ်ကိစ္စနဲ့ ခရီးထွက်ထားတယ်ဆိုကာ ကရက်ဗ်ချန်ကို က နိုင်ငံပြင်ပကို ထွက်ခွာသွားခဲ့ပါတယ်။

ဒါကြောင့် သမ္မတ ဇီလင်စကီးက ထုတ်ပယ်ရေးအဆိုပြုလွှာ တင်သွင်းခဲ့ပြီး စစ်အုပ်ချုပ်ရေးအာဏာကို အသုံးပြုကာ ကရက်ဗ်ချန်ကိုကို ရာထူးကနေ အပြီးသတ် ဖယ်ရှားလိုက်တာဖြစ်ပါတယ်။


REF: Tass

#News #Myanmar

မူရင်းသတင်း — Myanmar National Post