Myanmar National Post

ဂရင်းလန်းကျွန်းကို အမေရိကန် ရသွားပြီလို့ ထရမ့်ကြေညာ


စက်တင်ဘာ - ၁၉ ( စနေနေ့ ) 

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာတိတ်ဒေသ ဂရင်းလန်းကျွန်းနဲ့ သဘောတူညီချက်ရရှိသွားပြီဖြစ်ပြီး၊ ဂရင်းလန်းရဲ့လုံခြုံရေးကို အမေရိကန်က ထိန်းချုပ်သွားတော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။

သောကြာနေ့က တင်ခဲ့တဲ့ ထရုသ်ဆိုရှယ် ပို့စ်တစ်ခုမှာ ထရမ့်က အဲဒီသဘောတူညီချက်ဟာ ဂရင်းလန်းရဲ့ လုံခြုံရေး နဲ့ အခြားလိုအပ်ချက်တွေအပေါ် အမေရိကန်က အမြဲတမ်း ထိန်းချုပ်ခွင့်ရရှိစေမှာဖြစ်ပြီး၊ အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုမှန်သမျှကို အပြီးတိုင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ကျနော်တို့ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ဂရင်းလန်းနဲ့ ဒိန်းမတ်တို့ဘက်က ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းညှိနှိုင်း ခဲ့ကြပါတယ်။ ဒါကြောင့် ဂရင်းလန်းရဲ့လုံခြုံရေးရော၊ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကိုပါ ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်တာမှန်သမျှကို အမေရိကန်အနေနဲ့ နောင်အနာဂတ်မှာ အမြဲတမ်း အကြွင်းမဲ့ လုပ်ဆောင်ပိုင်ခွင့်ရှိသွားမှာပါ’ လို့ သူက ထပ်လောင်းပြောပါတယ်။ 

ဒါ့အပြင် ဒီကစလို့ ဘယ်အမေရိကန်ရဲ့ ရန်သူနိုင်ငံမှ ဂရင်းလန်းမှာ စစ်စခန်းလာစိုက်တာ၊ စစ်တပ်လာထားတာ၊ ဒါမှမဟုတ် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်တာမျိုးတွေကို အမေရိကန်ရဲ့ စာနဲ့ရေးသားထားတဲ့ တရားဝင်ခွင့်ပြုချက်မပါဘဲ လုံးဝ (လုံးဝ) လုပ်လို့ရတော့မှာ မဟုတ်ပါဘူး’ လို့လည်း ဆိုထားပါတယ်။

"အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂရင်းလန်းကို 'အထူးပဲ ကာကွယ်စောင့်ရှောက်သွားမှာပါ' လို့ ထရမ့်က ကတိပေးခဲ့ပြီး၊ ဒီသဘောတူညီချက်ဟာ အမေရိကန်ပြည်ထောင်စုအတွက်တော့ 'အိပ်မက်တစ်ခု တကယ်ဖြစ်လာတာပါပဲ' လို့လည်း ဖွဲ့ဆိုပြောဆိုခဲ့ပါတယ်။

ထရမ့်ရဲ့ ဒီလိုကြေညာချက်ထွက်ပေါ်လာတာဟာ ကိုပင်ဟေဂင်မြို့မှာ ကျင်းပနေတဲ့ နေတိုး အဖွဲ့ရဲ့ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိတွေရဲ့ အစည်းအဝေးနဲ့ အချိန်ကိုက် တိုက်ဆိုင်နေခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာတော့ မဟာမိတ်အဖွဲ့ဝင် ၃၂ နိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေဟာ အစုအဖွဲ့ရဲ့ တားဆီးကာကွယ်ရေးနဲ့ ခုခံစွမ်းအားတွေကို ပိုမိုခိုင်မာလာစေဖို့အတွက် စုဝေးဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

"ထရမ့်ရဲ့ ပြောကြားချက်ထွက်ပေါ်လာပြီးနောက်မှာတော့ သဘောတူညီချက်တစ်ခု ရရှိသွားပြီဖြစ်ကြောင်း ဒိန်းမတ်ဘက်က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီချက်က အာတိတ်နဲ့ မြောက်အတ္တလန်တိတ် ဒေသရဲ့ ဘုံလုံခြုံရေးကို ပိုအားကောင်းစေပြီး၊နေတိုး နဲ့ ဥရောပအတွက်ပါ အများကြီး အကျိုးရှိစေမှာပါ။ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု အပြည့်အဝရှိရေးအပြင် ဂရင်းလန်းပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလည်း အသိအမှတ်ပြုပေးထားပါတယ်’ လို့ ဒိန်းမတ်ဝန်ကြီးချုပ် က ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar 

မူရင်းသတင်း — Myanmar National Post