Myanmar National Post

အမေရိကန်မှာတော့ ဒီဇယ်ဈေး စံချိန်တင်ထိုးတက်သွားပြီ


စက်တင်ဘာ - ၂၂ ( အင်္ဂါနေ့ ) 

ကမ္ဘာ့လောင်စာဆီ ထောက်ပံ့ရေး ပျက်ယွင်းမှုတွေနဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်းတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် အမေရိကန်နိုင်ငံမှာ ဒီဇယ်ဈေးနှုန်းတွေဟာ စံချိန်တင် အမြင့်ဆုံးအထိ ထပ်မံ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန် မော်တော်ကားအသင်း (AAA) ရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်အရ တစ်ဂါလံကို ပျမ်းမျှ ၆ ဒသမ ၅၁ ဒေါ်လာ (တစ်လီတာကို ၁ ဒသမ ၇၂ ဒေါ်လာ) အထိ ရောက်ရှိသွားခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ တစ်ပတ်က တစ်ဂါလံကို ၆ ဒသမ ၂၃ ဒေါ်လာနဲ့ တစ်လအတွင်းပျှမ်းမျှဈေးနှုန်းက  ၅ ဒသမ ၅၈ ဒေါ်လာ ရှိခဲ့ရာကနေ မြင့်တက်လာတာဖြစ်ပြီး၊ လွန်ခဲ့တဲ့နှစ်ကနဲ့ နှိင်းယှဉ်ရင် ဒီဇယ်ဈေးနှုန်းဟာ ၇၆ ရာခိုင်နှုန်းနီးပါး ပိုများလာတာ ဖြစ်ပါတယ်။

ဒီလို ကမ္ဘာတစ်ဝန်း ဒီဇယ်ရှားပါးမှု ဆိုးရွားလာရတာဟာ အမေရိကန်-အီရန် စစ်ပွဲနဲ့ ဟော်မုဇ် ရေလက်ကြား  တစ်လျှောက် စွမ်းအင်စီးဆင်းမှုတွေ ပြတ်တောက်သွားတာကြောင့် ပိုမိုဆိုးရွားလာခဲ့ရတာပါ။ ဒါ့အပြင် ယီမင်နိုင်ငံရဲ့ ပင်လယ်နီကမ်းရိုးတန်းတစ်လျှောက် ဟူသီသူပုန်တွေရဲ့ နယ်မြေတိုးချဲ့မှုတွေကလည်း ဘတ်ဘ်အယ်လ်-မန်ဒက် ရေလက်ကြား  ရဲ့ သင်္ဘောလမ်းကြောင်းတွေနဲ့ ဆော်ဒီရေနံတင်ပိုမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေကို ပိုမိုမြင့်တက်စေခဲ့ကြောင့်လည်းဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်နိုင်ငံအပေါ် နောက်တစ်ဆင့် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ဖို စဉ်းစားနေချိန်မှာပဲ ဒီဇယ်လောင်စာဆီ ပြတ်လပ်နိုင်ခြေရှိမယ့် စိုးရိမ်မှုတွေက ပိုမိုပြင်းထန် လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကတော့ သူဟာ စစ်ရေးအရ အရေးယူဖိုကနေ စီးပွားရေး အရ ဖိအားပေးဖို ဒါမှမဟုတ် သဘောတူညီချက်တစ်ခု ရယူဖိုအထိ နည်းလမ်းအမျိုးမျိုးကို စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နယူးယောက်မြိုမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီးယန်း နဲ့ တွေ့ဆုံဖိုလည်း အသင့်ရှိနေကြောင်း အရိပ်အယောင်ပြ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သမ္မတ ထရမ့်ကလည်း ဗိုလိုဒီမာ ဇီလန်းစကီကို ယူကရိန်းဘက်ကနေ ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို ဖိအားပေးနေပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ကမ္ဘာ့ဒီဇယ်ရှားပါးမှုကို ပိုဆိုးစေတယ်လို သူကဆိုပါတယ်။  တနင်္လာနေ့မှာလည်း ရုရှားရဲ့ ရေနံချက်စက်ရုံတွေ ထိခိုက်ပျက်စီးမှုကြောင့် စက်ရုံအများအပြား လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရတယ်လို ထရမ့်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီဇယ်ဆီဟာ အမေရိကန်စီးပွားရေးအတွက် အလွန်တရာ အရေးပါပြီး နိုင်ငံတစ်ဝန်းက ကုန်စည်သယ်ယူပိုဆောင်ရေးနဲ့ စိုက်ပျိုးရေး စက်ကိရိယာတွေကို အဓိက ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇယ်ဈေးနှုန်း မြင့်တက်လာခြင်းဟာ ကုန်စည်သယ်ယူစရိတ်နဲ့ ထုတ်လုပ်မှုစရိတ်တွေကိုပါ သက်ရောက်စေပြီး ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။


REF: RT

#News #Myanmar 

မူရင်းသတင်း — Myanmar National Post