Apple Authorised Reseller, XtraSure အနေနဲ့ အဆင့်မြင့် Apple နည်းပညာထုတ်ကုန်များ ရောင်းချပေးရုံသာမကဘဲ Customer တွေရဲ့ ဝယ်ယူမှုတိုင်းကို မြန်မာ့မျိုးဆက်သစ်လူငယ်များရဲ့ ပညာရေးနဲ့ လူမှုအသိုက်အဝန်းအတွက် အမှန်တကယ်ထိရောက်မှုရှိစေတဲ့ ကူညီထောက်ပံ့မှုအဖြစ် ပြောင်းလဲပေးနိုင်ရန် ရည်ရွယ်ပြီး ၁ လကြာ အစီအစဉ်ကြီးကို ဖော်ဆောင်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် customer များက Apple Product ဝယ်ယူမှုတိုင်းအတွက် ရရှိထားသော Sure Benefits point များကို ပြန်လည်လှူဒါန်းခွင့်ရရှိခဲ့ကြပြီး ရရှိလာသော ပွိုင့်များကို မြန်မာငွေကျပ်အဖြစ်ပြောင်းလဲပြီး စုစုပေါင်း လှူဒါန်းရရှိငွေ (၁၂၂) သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများကို XtraSure ရဲ့ ကနဦး မတည်လှူဒါန်းငွေ သိန်း (၁၀၀) နဲ့အတူ ဝန်ထမ်းများ၏ လှူဒါန်းငွေများပါဝင်ကာ စုပေါင်း လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ XtraSure ရဲ့ Spokesperson ဖြစ်သူ ကိုထွန်းမြင့်ဇော်ကလည်း “Responsible Business တစ်ခုအနေနဲ့ လူမှုအကျိုးပြု CSR လုပ်ငန်းတွေကို ကဏ္ဍကြီး ၃ ရပ်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အပိုင်းတွေမှာ အားအင်အပြည့်လုပ်ဆောင်နေချိန်မှာ သုံးစွဲသူ customer တွေကိုလည်း ဒီလိုအကျိုးရှိတဲ့ လုပ်ဆောင်ချက်တွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်စေချင့်ခဲ့ပါတယ်။ ဒီနေ့ဆို့ရင် ကလေးတွေအတွက် ဆုတောင်းစာလွှာလေးတွေနဲ့အတူ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးတာတွေ မြင်ရတာ တကယ်ကြည်နူးစရာပါ။ XtraSure ရဲ့ “ကောင်းသောနေ့များဆီသို့” CSR လူမှုအကျိုးပြုအစီအစဉ်ရဲ့ ရည်ရွယ်ချက်အတိုင်း ဒီကနေ့ဆိုရင် ကျွန်တော်တို့ အမှန်တကယ် အထောက်အပံ့လိုအပ်နေတဲ့ ကျောင်းသား၊ကျောင်းသူ လူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းတွေ ပိုမိုကောင်းမွန်လာစေဖို့ စာသင်ခုံတွေ၊ စာသင်ကြားတဲ့အခါမှာ ပိုပြီး အဆင်ပြေလွယ်ကူစေဖို့ သင်ထောက်ကူပစ္စည်းတွေကို လှူဒါန်းပေးအပ်နိုင်ခဲ့တာကြောင့် ကလေးတွေအနေနဲ့လည်း စာတွေကို ဆက်လက်ကြိုးစားသင်ယူလိုစိတ်နဲ့ ယုံကြည်မှုတွေတိုးတက်လာပြီး အနာဂတ်မှာ အရည်အချင်း ပြည့်ဝတဲ့ မျိုးဆက်သစ်လူငယ်တွေ ပိုမိုပေါ်ထွက်လာနိုင်ဖို့ အထောက်အပံ့ကောင်းတွေ ဖြစ်စေခဲ့ပါတယ်။ ” လို့ပြောကြားခဲ့ပါတယ်။ XtraSure က ဝယ်ယူသူတွေအတွက် အရည်အသွေးပြည့်ဝပြီး စစ်မှန်ပြည့်စုံကောင်းမွန်တဲ့ Apple Experience တွေကို ဆက်လက်ပေးအပ်သွားမှာ ဖြစ်သလို မြန်မာ့လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမယ့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ #DuwunLifestyle #XtraSure #ကောင်းသောနေ့များဆီသို့ #CSR #Apple AuthorizedReseller
“၁၂၂ သိန်းကျော် တန်ဖိုးရှိ စာသင်ခုံနဲ့ သင်ထောက်ကူပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ XtraSure”
မူရင်းသတင်း — Duwun