Duwun

မြန်မာ Startup တွေ ကမ္ဘာမှာ ယှဥ်နိုင်ဖို့ Startup World Cup Myanmar 2026 ကို မြန်မာ့သြဘာပံ့ပိုး

မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ Startup World Cup Myanmar 2026 မှာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်တဲ့အနေနဲ့ မြန်မာ့ဩဘာလုပ်ငန်းစု က ပံ့ပိုးကူညီခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကိုတော့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု Winner အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ “Kyar Nyo Thin” Startup လုပ်ငန်းကတော့ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် Grand Finale ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ဩဘာလုပ်ငန်းစု အနေနဲ့ ပြည်တွင်း Startup လုပ်ငန်းတွေနဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (SMEs) တွေကို မြေတောင်မြှောက်ပေးဖို့ ကမ္ဘာ့အဆင့်မီ တိုးတက်လာစေဖို့နဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ Startup World Cup Myanmar 2026ပြိုင်ပွဲမှာ Diamond Sponsor အဖြစ် ဂုဏ်ယူစွာ ပါဝင်ပံ့ပိုးကူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။ #DuwunLifestyle #StartupWorldCupMyanmar2026 #မြန်မာ့ဩဘာလုပ်ငန်းစု

မူရင်းသတင်း — Duwun