Eleven Media Group

ပြင်ဦးလွင်မြို့ စျေးလေးမီးပွိုင့်အနီးရှိ 7Glory ဖုန်းဆိုင် ဓါးဖြင့်ခြိမ်းခြောက်လုယက်ခံရ

ပြင်ဦးလွင်မြို့ စျေးလေးမီးပွိုင့်အနီးရှိ 7Glory ဖုန်းဆိုင် ဓါးဖြင့် ခြိမ်းခြောက်လုယက်ခံရမှု စက်တင်ဘာလ၂၆ရက် မွန်းလွဲ၃နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ စျေးလေးမီးပွိုင့်အနီးရှိ 7Glory ဖုန်းဆိုင်သို့ လူနှစ်ဦးက ဓါးဖြင့်ခြိမ်းခြောက်ကာ ဖုန်းများယူဆောင်သွားခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

I Phone ၃ရလုံး၊ Full proကင်မရာ ၁လုံး၊ Appel watch ၁လုံးနှင့်ငွေသားများ ယူဆောင်သွားသည်ဟု ကနဦးစုံစမ်းသိရသည်။

အဆိုပါဓါးဖြင့် လုယက်သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြင်ဦးလွင်မြို့မရဲစခန်းတွင် (ပ) ၂၀၀/၂၀၂၆၊ ပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများကိုဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ထပ်မံသိရသည်။

မူရင်းသတင်း — Eleven Media Group