
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စက်တင်ဘာ ၂၆ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပွားကာ လူတချို့ပျောက်ဆုံးနေသိရသည်။
တနသင်္ာရီတိုင်းဒေသကြီးအတွင်း အထူးသဖြင့် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင်ရေကြီး၊ မြေပြိုမှုများဖြစ်နေကာ လူတစ်ချို့ပျောက်ဆုံးနေကြောင်းဒေသခံများကေ ပြာကြားခဲ့သည်။
"လောင်းလုံးမြို့အောက်ပိုင်းရွာတွေ ၂၀ လောက် မြေပြို၊ရေကြီးတာတွေဖြစ်နေတယ်၊မိုးအရမ်းရွာတော့ ရေတွေကကားလမ်းပေါ်ကျော်ပြီး ကယ်ဆယ်ရေးတွေလည်းနှောင့် နှေးနေရတယ်၊ကလေးတစ်ဉီးနှင့် လူတစ်ချို့လည်း ပျောက်နေတာကြားရတယ်၊လောင်းလုံးမြို့ကပင်လယ်နှင့်တောင် တန်းတွေကြားမှာရှိတော့ သဘာဝဘေးအတော်ခံနေရတယ်"လို့ထားဝယ်ဒေသခံတစ်ဦးက ပြောကြားသည်။
ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်ပရဟိတအသင်းများ၊တာဝန်ရှိသူများသွားရောက်နေသော်လည်းကားလမ်းရေနစ် မြုပ်နေသည့်အတွက်စောင့်ဆိုင်းနေရကြောင်းသိရသည်။
တနသင်္ာရီတိုင်းအတွင်း မိုးသည်းထန်နေမှုကြောင့်မြစ်ရေများလည်းတက်လာကာ တနင်္သာရီီမြစ်ရေ ပြန်လည်မြှင့်တက်လာပြီးစိုးရိမ်ရေအမှတ်နီးလာကြောင်းသိရသည်။
လေတိုက်နှုန်းမုန်တိုင်းငယ်အဆင့်ရှိပြီး တနင်္သာရီတိုင်း၊ထားဝယ်မြို့ အနီးအနားဝန်းကျင်ဘက်က ဖြတ်နိုင်သည့်အတွက်ထူးကဲဒီ ရေများ၊မိုးရေချိန်များမှုများ၊လေတိုက်နှုန်းပြင်းထန်မှုများရှိနေသည့် အတွက်အထူးစိုးရိမ်ရကြောင်း၊ မီးသတ်တပ်ဖွဲ့များအပါအဝင်ပရဟိတများအထူးစောင့်ကြည့် ကူညီပေးကြပါရန်၊တောင်ကျရေများလျှပ်တပြတ်ကျဆင်းတတ်သည့်အတွက်သတိထားရန်မိုးလေဝသပညာရှင်တစ်ဦးက သတိပေးထားကြောင်း သိရသည်။
လက်ရှိစက်တင်ဘာ ၂၇ ရက်နေ့အထိ ထားဝယ်မှကော့သောင်းအထိ အရှေ့ဘက်ဒေသများ အပါအဝင်အန္တရာယ်အလွန်များသည့်နေရာများတွင် ပါဝင်နေကြောင်း သိရသည်။