Eleven Media Group

မြန်မာနိုင်ငံသို့ ပို့မည့် ထိုင်းဘတ်ငွေသန်းပေါင်းများစွာ တန်သည့်ကုန်စည်များကို ရနှောင်းမြို့တွင် ဝင်ရောက်ဖမ်းဆီး

မြန်မာနိုင်ငံသို့ ပို့မည့် ထိုင်းဘတ်ငွေသန်းပေါင်းများစွာ တန်သည့်ကုန်စည်များကိုရနှောင်းမြို့တွင် အဖွဲ့စုံမှဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ပို့မည့် ကုန်စည်များကိုထိုင်းနိုင်ငံ၊ရနှောင်းမြို့ရှိဂိုဒေါင်တစ်ခုတွင် သိမ်းဆည်းထားစဉ် အမှတ်(၄)စစ်နယ်မြေစစ်တပ် ရဲတပ်ဖွဲ့နှင့်အကောက်ခွန်ပူးပေါင်းပြီးအခွန်တိမ်း ရှောင်သည်ဟုဆိုကာ ပစ္စည်းများကို သိမ်းဆည်းခြင်းဖြစ် ကြောင်းထိုင်းပြည်သူ့ဆက်ဆံရေးတပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

"စက်တင်ဘာ၂၃ ရက်ကဖမ်းထားတာ ဒီလိုပဲသူတို့ဆီကဝယ်ပြီးအခွန်ရှောင်တယ်ဆိုတ ဲ့ခေါင်းစဉ်နှင့်လုပ်နေကြ တာ၊ရနှောင်းမှာ free Zone မရှိဘူး၊ ကုန် သည်တွေကမြန်မာပြည်ကိုတရားဝင်တင်သွင်းဖို့စောင့်နေတာလည်း ဖြစ်နိုင်တာပဲ၊ရက်ကြာလာရင်ဒီလိုပဲခေါင်းစဉ်တပ် ဝင်သိမ်းနေကြတာ၊နှစ်ခါစားတဲ့အကွက်‌ပါ"ဟု ဒေသခံတစ်ဦးကပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၊ရနှောင်းခရိုင်၊ခေါင်နီဝစ် မြို့နယ်၊(၁)ရပ်ကွက်ရှိ ဂိုဒေါင်တခုသို့သတင်းအရသွား ရောက်စစ်ဆေးရာ ထိုင်းဘတ်ငွေ သန်းပေါင်းများစွာတန်သောကုန်ပစ္စည်း၊လျှပ်စစ်ပစ္စည်း၊စက်ပစ္စည်းများကိုတွေ့ရှိ သိမ်းဆည်း ခဲ့ကြောင်း ထိုင်းတာဝန်ရှိသူများကဆိုသည်။

မြန်မာနိုင်ငံသား သန်းကိုဦး ဆိုသူမ ှရနောင်းမြို့နေ ရာရှစ်၏ နေ အိမ်ကိုဂိုဒေါင်သဖွယ်အသုံးပြုရန် ငှားရမ်းထား ကြောင်း၊သွင်းကုန်/ထုတ်ကုန်ဆိုင်ရာအေဂျင်စီများကိုလည်းစစ်ဆေး သွားမည်ဖြစ်ကြောင်း ထိုင်းဘက်က သတင်းထုတ်ပြန်ထားသည်။

အမှတ်(၄)စစ်နယ်မြေကွပ်ကဲမှုဌာနမှတရားမဝင် မှောင်ခိုပစ္စည်းများဝင်/ထွက်မှုအခြေအနေကို စောင့်ကြည့် နေစဉ် ပြည်သူလူထု၏ သတင်းပေးတိုင်ကြားချက်အရ ဖေါ်ထုတ်သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group