Eleven Media Group

တောင်ကြီးမြို့ အေးသာယာတွင် ဒိုင်နာကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး

တောင်ကြီးမြို့နယ် အေးသာယာတွင် ဒိုင်နာကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း ဒေသခံ ထံမှသတင်း ကြား သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက် ညဘက် ၈ နာရီခန့်တွင် အေးသာယာမြို့၊ ရပ်ကွက်(၃)ရှိ “စံပြ”စက်သုံးဆီဆိုင်ရှေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ဒေသခံထံမှ သိရသည်။

ဖြစ်စဉ်မှာ အေးသာယာမြို့၊ ရပ်ကွက်(၃)ရှိ “စံပြ”စက်သုံးဆီဆိုင်ရှေ့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရွှေညောင်မြို့ဘက်မှ တောင်ကြီးမြို့ ဘက်သို့ ယာဉ်မောင်း စိန်လွင် မောင်းနှင်လာသော CANDA အမျိုးအစား၊ အပြာရောင်မော်တော်ယာဉ်သည် မျက်နှာချင်းဆိုင် ယာဉ်ကြောမရှင်းဘဲ ပြည်ထောင်စုလမ်းမကြီး၏ ဝဲဘက်ရှိ လမ်းသွယ်အတွင်းသို့ ချိုးကွေ့မောင်းနှင်စဉ် မျက်နှာချင်းဆိုင်ဘက်မှ ပြည်ထောင်စုလမ်းမ ကြီးအတိုင်း တောင်ကြီးမြို့ဘက်မှရွှေညောင်မြို့ဘက် ဆိုင်ကယ်မောင်း ဦးအောင်ဝင်းလှိုင် တစ်ဦးတည်းမောင်းနှင်လာသော CANDA-110 အနက်ရောင်ဆိုင်ကယ်ဖြင့် ဝင်ရောက် တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

ထိုယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဦးအောင်ဝင်းလှိုင် တွင် ဝဲ/ယာနားသွေးထွက်၊ နှာခေါင်းသွေး ထွက်၊ ယာပုခုံးပွန်း၊ ဇက်ကျိုး ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားသဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံးကြီးသို့ မှုခင်းဆေးစာဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို ဒိုင်နာ မော်တော်ယာဉ် ယာဉ်မောင်းဖြစ်သူကို အေးသာယာ ရဲစခန်းတွင် ယာဉ်(ပ)၁၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ- ၂၇၉/ ၃၀၄-က ဖြင့် အရေးယူ ဆောင်ရွက်ထားပါကြောင်း သိရသည်။

တောင်ကြီး

မူရင်းသတင်း — Eleven Media Group