Myanmar National Post

ယူကရိန်းက ရုရှားရေနံချက်စက်ရုံတွေ၊ ရုရှားက ယူကရိန်းစစ်ရေးနေရာတွေကို တိုက်ခိုက်မယ်လို့ အပြန်အလှန် ခြိမ်းခြောက်ကြ


အောက်တိုဘာ - ၅ ( တနင်္လာနေ့ ) 

ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင် သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့အပြီးမှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာနဲ့ ကာကွယ်ရေးဆိုင်ရာ စက်ရုံ/အဆောက်အအုံတွေကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ထဲမှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကိယက်ဗ်မြို့မှာ ရှိတဲ့ ဒနီပါမြစ်ကူးတံတားတွေကို ရုရှားက တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားရဲ့ ရေနံချက် စက်ရုံတွေ ကို တိုက်ခိုက်မှုတွေ ပိုတိုးလုပ်သွားမယ်ဆိုပြီး “ခင်ဗျားတို့ကို တေးထားတယ်”လို့ ယူကရိန်းခေါင်းဆောင်က ဆိုလိုက်တာပါ။ 

ဇယ်လန်းစကီးရဲ့ ရက် ၄၀ ကြာ အကျိုးမရှိခဲ့တဲ့ PR 'ဖိအားပေးလှုပ်ရှားမှု' အတွင်း ရုရှားနယ်မြေ အတွင်းပိုင်းအထိ ရေနံချက်စက်ရုံတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ရုရှားဘက်ကလည်း အိုဒက်ဆာ ဆိပ်ကမ်းအပါအဝင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ ကာကွယ်ရေး စက်မှုဇုန်တွေကို လွန်ခဲ့တဲ့ သီတင်းပတ်တွေ ကတည်းက အရှိန်မြှင့် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

"ဇီလန်းစကီးရဲ့ ဒီနေ့ပြောကြားချက်အပြီးမှာတော့ ကိယက်ဗ်အပါအဝင် ယူကရိန်းရဲ့ အခြားဒေသ တွေမှာရှိတဲ့ စစ်ဘက်၊ စစ်ဘက်စက်မှုဇုန် အဆောက်အအုံတွေနဲ့ သက်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ရုရှားစစ်တပ်က ပိုပြီးတော့ အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တယ်" လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post