Myanmar National Post

ဘရာဇီးရွေးကောက်ပွဲမှာတော့ အမေရိကန်ကြိုက် သမ္မတဟောင်းရဲ့သားက ဦးဆောင်နေ


အောက်တိုဘာ - ၅ ( တနင်္လာနေ့) 

ဘရာဇီး သမ္မတရွေးကောက်ပွဲဟာ ဒုတိယအကြိမ် မဲအရေအတွက် အနိုင်လုရမယ့် ရလဒ် ထွက်ပေါ် လာခဲ့ပြီး၊ သမ္မတဟောင်း ဂျားအီးရ် ဘော်ဆိုနာရိုရဲ့ သားဖြစ်သူ လက်ယာယိမ်း အထက်လွှတ်တော် အမတ် ဖလာဗီယို ဘော်ဆိုနာရိုက လက်ရှိတက်နေတဲ့ လက်ဝဲယိမ်း သမ္မတ လူဝစ် အီးနားဆီးယိုး လူလာ ဒါ ဆေးလ်ဗားကို ဦးဆောင်နေပါတယ်။

တရားဝင် ရေတွက်ထားတဲ့ မဲစာရင်းတွေအရ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ ဘော်ဆိုနာရိုက မဲပေးသူရဲ့ ၄၇.၂၁% ရရှိထားပြီး လူလာကတော့ ၄၅.၁၆% ရရှိထားပါတယ်။ ဘရာဇီးရဲ့ ရွေးကောက်ပွဲ စည်းမျဉ်းတွေအရ သမ္မတလောင်းတစ်ဦးဟာ ပထမအကြိမ်မှာတင် အနိုင်ရဖို့အတွက် ခိုင်လုံမဲရဲ့ ၅၀% ထက် ပိုရဖို့ လိုအပ်ပါတယ်။ ဘော်ဆိုနာရိုရော လူလာပါ အဲဒီသတ်မှတ်ချက်ကို မမှီတာကြောင့် အောက်တိုဘာ ၂၅ ရက်မှာ ပြုလုပ်မယ့် ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ နှစ်ယောက်တည်း ထပ်မံယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ ဘရာဇီးနိုင်ငံရဲ့ နိုင်ငံရေးဦးတည်ချက်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ အလွန်ပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခုအဖြစ် ရှုမြင်ခံနေရပါတယ်။ လူလာရဲ့ လက်ဝဲယိမ်း မူဝါဒတွေကို တရားဥပဒေစိုးမိုးရေးနိယာမတွေနဲ့ "ရိုးရာဓလေ့ တန်ဖိုးတွေကို" ကာကွယ်ရေးကို ဦးစားပေးတဲ့ ဘော်ဆိုနာရိုရဲ့ ကွန်ဆာဗေးတစ် မူဝါဒတွေနဲ့ ထုတ်ချင်းပေါက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။   

ဒါ့အပြင် ဒီမဲပေးပွဲဟာ နိုင်ငံခြားရေးမူဝါဒ ရွေးချယ်မှုတစ်ခုလည်း ဖြစ်နေပါတယ်။ လူလာက BRICS အဖွဲ့မှာ ဘရာဇီးရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့နဲ့ တရုတ်အပါအဝင် တောင်ကမ္ဘာခြမ်း ဩဇာကြီး နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဘော်ဆိုနာရိုကတော့ ဝါရှင်တန်နဲ့ ဆက်ဆံရေး ပိုမိုနီးကပ်ဖို့နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ သင်းပျံ့တဲ့ ရင်းနှီးမှုကို ကြွားလုံးထုတ်ထားတာ ဖြစ်ပါတယ်။   

လူလာဟာ ၂၀၀၃ ကနေ ၂၀၁၁ အထိ ဘရာဇီးသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ မှာ တတိယအကြိမ် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၈ ရွေးကောက်ပွဲတုန်းကတော့ အဂတိလိုက်စားမှု ပြစ်ဒဏ်ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ရက်ပေါင်း ၅၈၀ ကြာ ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၂၁ မှာ ဘရာဇီး တရားလွှတ်တော်ချုပ်က စီရင်ခဲ့တဲ့ တရားရုံးမှာ စီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး ပြစ်ဒဏ်တွေကို ပယ်ဖျက်ပေးခဲ့တာကြောင့် သူ့ရဲ့ နိုင်ငံရေးအခွင့်အရေးတွေ ပြန်လည်ရရှိခဲ့ပြီး ရွေးကောက်ပွဲ ပြန်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။   


Ref; RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post