ရာစုနှစ်တစ်ခုစာ ရန်ကုန်ရဲ့ နှလုံးသား - ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကြီး ၁၉၂၆ ကတည်းက စခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အကျနဆုံး သမိုင်းဝင် ဗိုလ်ချုပ်ဈေးကြီး ရာပြည့်သွားပြီဆိုတာ သိကြရဲလား? နှစ်ပေါင်း (၁၀၀) တိုင်တိုင် ခေတ်စနစ်အပြောင်းအလဲတွေကို ကြံ့ကြံ့ခံရင်း မြန်မာ့ယဉ်ကျေးမှု၊ လက်မှုပညာနဲ့ မြို့ပြပြယုဂ်အဖြစ် ခိုင်မာစွာ ရပ်တည်ခဲ့တဲ့ National Heritage ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးရဲ့ ရာပြည့်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါပြီ။ မြန်မာ့သမိုင်းအမွေအနှစ်ကို မြတ်နိုးတန်ဖိုးထားသူတွေအတွက် ရှေးဟောင်းလက်ရာနဲ့ ယဉ်ကျေးမှုလက်ရာတွေ အပြင်၊ ဈေးဆိုင်တန်းတွေ ၊ အထူးလျော့ဈေးအစီအစဉ်တွေ ၊ ဖျော်ဖြေရေးအစီအစဉ်တွေ ၊ ကိုယ့်ရဲ့ အလှတရားကို ဖော်ထုတ်ချင်သူ လှပျိုဖြူတွေအတွက် "Centenary Queen" ဆုကို ပါဝင်ဆွတ်ခူးနိုင်မယ့် အထူးအစီအစဉ်တွေပါ ရှိတာမို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော်ကြီးဆီ အရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ #DuwunLifestyle #BogyokeMarketCentenary #ဗိုလ်ချုပ်ဈေးရာပြည့် #CentenaryQueen #YangonVlog #BogyokeMarket #MyanmarHeritage
ရန်ကုန်မြို့ပြရဲ့သမိုင်းသက်သေ ဗိုလ်ချုပ်အောင်ဆန်းစျေးကြီး
မူရင်းသတင်း — Duwun