
နေပြည်တော်၊ အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် ဇူလိုင်လမှစ၍ မိုးသည်းထန်စွာရွာသွန်း ပြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်တာပေါင် ကျိုးပေါက်မှုကြောင့် ပုသိမ်-ဟင်္သာတ ရထား လမ်းပိုင်းရှိ ဒိုက်ပျက်ဘူတာနှင့် ဇရပ်လှဘူတာ ကြား၊ မိုင်တိုင်အမှတ် ၁၃၄/၆ မှ ၁၃၅/၅ အထိ ပေ ၅၀၆၀ ခန့်တွင် ရထားသံလမ်း ကွန်ကရစ် ဇလီဖားတုံးအခြေအထိ ရေများဝင်ရောက်ခဲ့ပြီး ၎င်းအနက် ပေ ၁၇၆၀ ခန့်တွင် ကွန်ကရစ် ဇလီဖားတုံးများနှင့် သံလမ်းအောက်ခြေအထိ ရေနစ်မြုပ်ခဲ့မှုကြောင့် ဩဂုတ် ၄ ရက်မှ စတင်ပြီး ပုသိမ်-ဟင်္သာတ-ကြံခင်း အစုန်/အဆန် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရသည်။
မြန်မာ့မီးရထားတာဝန်ရှိသူများက ရေဖုံးလွှမ်းနေသည့် လမ်းပိုင်းအတွင်းသို့ အချိန်နှင့်တစ်ပြေးညီ စစ်ဆေးဆောင်ရွက်ခဲ့ပြီးဩဂုတ် ၂၂ ရက်အထိ ပုသိမ်-ဟင်္သာတ လမ်းပိုင်း၊ ဒိုက်ပျက်-ဇရပ် လှကြား၊ မိုင်တိုင် (၁၃၃/၁၅-၁၃၅/၆) ၌ ရေကျော်အမြင့်ဆုံး သံလမ်း မျက်နှာပြင် အထက် ၄ ပေနှင့် ဇရပ်လှ-ရေကြည်ကြား၊ မိုင်တိုင် (၁၃၆/၁၁-၁၄၀/၁၇) ၌ ရေကျော်အမြင့်ဆုံး သံလမ်းမျက်နှာပြင် အထက် ၈ ပေ ၉ လက်မ ရေကျော်လျက်ရှိကြောင်း တွေ့ရှိခဲ့ရပြီး ဩဂုတ် ၂၂ ရက်မှစတင်၍ ရေများပြန်လည်ကျဆင်းခဲ့ရာ စက်တင်ဘာ ၂၆ ရက်တွင် ရထားလမ်းတာပေါင်များ အောက်သို့ ရေကျဆင်းသွားခဲ့သည်။
ရေပြန်လည်ကျဆင်းချိန်တွင် ရေကျော်ခဲ့သောလမ်းပိုင်းများအား စက်တင်ဘာ ၁၃ ရက်မှစ၍ ရထားလမ်းပေါ်ရှိ အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားခြင်း၊ ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာသော ရေစားချောက်များအား မြေကြီးနှင့် ၆"x၉"ကျောက်ကြီးများဖြည့်တင်းခြင်း၊ ရေစီးဖြင့်မျောပါသွားသောကျောက်များအား ပြန်လည် ဆယ်တင်၍ လမ်းအတွင်းထည့်သွင်းခြင်း၊ လမ်းခင်းကျောက်များ ဖြည့်သွင်းခြင်း၊ သံလမ်းများ ထည့်သွင်းပြု ပြင်ခြင်း၊ ရေကျော်လမ်းပိုင်းရှိ တံတားလေးစင်းတို့တွင် တံတားချဉ်းကပ်လမ်း၌ မြေကြီးနှင့် ၆"x၉"ကျောက်ကြီး များ ဖြည့်တင်းခြင်း၊ တံတားတုံးလဲလှယ်ခြင်း၊ ရေနံချေးသုတ်ခြင်းနှင့် ချုပ်တန်းတပ်ဆင်ခြင်း၊ တံတားကြီး ငယ်များ၏ ကမ်းကပ်ခုံနှင့် အုတ်မြစ်များ စစ်ဆေးခြင်း စသည့်လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယခုအောက်တို ဘာ ၁၃ ရက်တွင် လုပ်ငန်းအားလုံး ပြီးစီးခဲ့မှုကြောင့် ရေကျော်လမ်းပိုင်း များဖြစ်သော ဒိုက်ပျက်-ဇရပ်လှနှင့် ဇရပ်လှ-ရေကြည် လမ်းပိုင်းတို့အား အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၁၅-၁၀-၂၀၂၆ ရက်နေ့မှ စတင်၍ အမှတ်(၁၈၁)အဆန်/ (၁၈၂)အစုန် ပုသိမ်-ဟင်္သာတ-ကြံခင်း လူစီးအမြန်ရထားခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar