



နေပြည်တော်၊ အောက်တိုဘာ ၂၀
ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ်နာတာလျာကိုချန်နိုဗာ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့ငွေစာရင်းကော်မတီနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးချစ်ဆွေ၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာစောနေလင်းအောင်၊ မြန်မာ-ဘယ်လာရုစ်လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
#News #Myanmar